******************

ရင်းဆက်က နေ့လည် ၁နာရီလောက် အိမ်မှာ
စာချုပ်ကိစ္စအတွက် စာရွက်စာတမ်းတွေလာယူ
တုန်း ခင်ကပါ ဆေးရုံကပြန်အလာ မောင်နှမ
နှစ်ယောက်ဆုံမိပါသည်။

" ခင် ... စောလှချည်လား "

" ဟုတ်တယ်ကိုကြီး ဒီနေ့ကနေ့တစ်ပိုင်းလေးတင်ပဲလေ .. ကိုကြီးကကော ဘာလာယူ
တာလဲ "

" စာရွက်စာတမ်းတွေအိမ်မှာကျန်ခဲ့လို့လာယူတာ ခင် "

" ဪ .. ဟုတ်ပြီ "

ရင်းဆက်လည်း အလျင်စလိုကြောင့် လှေကားပေါ်ပြေးတက်ကာ အခန်းထဲသို့ဝင်ပြီးလျှင်အံဆွဲအပုလေးထဲမှာ ထည့်ထားတဲ့စာရွက်စာတမ်းတွေကိုထုတ်ကာ အပြင်သို့
ထွက်ရန်ခြေဦးတည့်သော်လည်း နောက်ကနေ
လျှပ်တစ်ပြက်တွေ့ရှိလိုက်သည့်အရာကြောင့်
ချက်ချင်းပင်အကြည့်များကအနောက်သို့
ရောက်ရှိခဲ့၏။ ထိုအရာသည်ကုတင်အောက်မှာ
ကျနေသည့် လက်ပတ်လေးတစ်ခုပင်။ မြင်မိ
ကတည်းက ရင်းဆက်၏စိတ်ထဲတွင်စနိုးစနောင့်ဖြစ်ခဲ့ရ၏။ ချက်ချင်းပင်ကောက်ယူကာ ကြည့်ကြည့်မိတော့ သူ့အတွေး
များမှာအမှန်ဟုတ်နေခဲ့လေသည်။ ထိုလက်ပတ်လေးသည် ရင်းဆက် ခရောင်နဲ့တွဲ
တာ တစ်လမပြည့်ခင်ရက်အနည်းငယ်လောက်
က သူကိုယ်တိုင်ဝယ်ပေးထားသည့် ကာပယ်
လက်ပတ်လေးပင်။ ထို့ကြောင့်သူတွေးမိလိုက်
တာက သူမရှိတုန်း ခရောင်ကသူ့အခန်းထဲဝင်
ခဲ့တာလား ... ဘယ်လိုဝင်ခဲ့တာလဲ .. သူဘာလို့
မသိရတာလဲဟုဆိုပြီး ခေါင်းထဲအတွေးပေါင်း
များစွာက ဆက်တိုက်ဝင်ရောက်လာခဲ့၏။

" ခင် ... ခင် "

ရင်းဆက်က အောက်ထပ်သို့ပြေးဆင်းလာပြီး
ခင့်ကိုရှာတော့ ခင်လည်းမီးဖိုချောင်ထဲကနေ
ပြေးထွက်လာကာ သူ့အစ်ကိုကိုအလန့်တကြား
ထွက်ကြည့်မိသည်။

" ဘာဖြစ်လို့လဲ ကိုကြီး "

" အစ်ကို့အခန်းထဲဘယ်သူဝင်သေးလဲ "

" ဟင် .. ဘယ်သူဝင်လို့လဲကိုကြီးရဲ့ "

ခင်ရဲ့မျက်လုံးအကြည့်တွေက ဂနာမငြိမ်ဖြစ်ကာ ဘယ်ညာရွှေ့နေတော့ ရင်းဆက်ကသိသည်။ သူ့ညီမသူ့ကိုလိမ်နေတာပင်။

If possible ~Место, где живут истории. Откройте их для себя