If Possible ( Part - 14 )

Start from the beginning
                                        

မှုံ့၏အပြောတွေအောက် ကျရှုံးကာ မှုံ့ခေါင်းလေးကိုနူးနူးညံ့ညံ့ဖြင့် ပုတ်လိုက်မိပါသည်။

" စကားကတော့ရှယ်တတ်နေတာ‌နော် ဒီကောင်မလေး "

မှုံ့ပါးနုနုလေးကို ဆွဲလိုက်တော့ အာမေဋိတ်အသံတစ်ခုကပေါ်ထွက်လာခဲ့သည်။

" အာ့ ... မမနော် နာတယ်လေ "

" အင်းပါ ဥုံဖွ "

" တာ့တာမမ ပန်းအတွက်ကျေးဇူးပါနော် "

" ရပါတယ် တာ့တာ ဂရုတစိုက်သွားဦး "

" ဟုတ် "

ဒုတိယအကြိမ်လှည့်ထွက်ကာ ခြေ သုံးလှမ်းပင်လှမ်းရသေး ခင်ကနောက်တစ်ကြိမ်ထပ်ခေါ်မိ
တော့ မှုံလည်း စကားပြောစရာကျန်သေးသည်
ထင်ပြီးနောက်အလှည့် ... ခင်က ခြေလှမ်းတိုးလာခဲ့ပြီး မှုံ့ပါးနှစ်ဖက်ကိုသူ့လက်နှစ်ဖက်ဖြင့်
ကိုင်လျက် နှုတ်ခမ်းလေးကိုဖိနမ်းလိုက်သည်။
မှုံလည်းမျက်ဝန်းများပင်ပြူးမတတ်။ ထိုအခိုက်အတန့်ကိုမရပ်တန့်ပစ်နိုင်ဘဲ ကြောင်အစွာလက်ခံနေမိသည်။ ၁၀စက္ကန့်အကြာလောက်
နမ်းရှိုက်ပြီးလျှင် ထိုအဖြစ်ကိုရပ်တန့်ကာ
ခင်ကမှုံ့ကိုစူးစူးစိုက်စိုက်ကြည့်မိသည်။

" ချစ်တယ်နော် မမကလေးလေး... အစ်မတို့
တွဲရအောင် "

မှုံ့ပင် ‌ပါးစပ်ပေါက်သေးသေးလေးဟကာ စိလို့
ပင်မရတော့။ သူမအတွက် ကြီးမားသည့် surprise တစ်ခုလိုပင်။ သူမကြောင်တိကြောင်ကန်း မျက်လုံးများပင်အကြိမ်အရေအတွက်
မရယ်နိုင်လောက်အောင်ကို ဆက်တိုက်ခတ်နေမိသည်။

" သွားတော့နော် ဒီတစ်ခါတော့တကယ်သွားပြီ၊
အဖြေကတော့ နောက်မှပေးပေါ့။စဉ်းစားဖို့
အချိန်တွေပေးထားမယ်နော်။ မလည်းသွား
တော့မယ်နော် နောက်ကျနေပြီမို့ "

ခင်ကတချက်ပြုံးရင်းနေရာမှလှည့်ပြန်ကာ
ကားတံခါးကိုအဖွင့် မထင်မှတ်တဲ့တုံ့ပြန်မှု
စကားသံလေးကြောင့် ကားထဲမဝင်နိုင်ဘဲ
မှုံ့ကိုကြည့်မိပါသည်။

" ညီမက အစ်မရဲ့ကောင်မလေးပဲဟာ "

မှုံကမျက်နှာတစ်ခုလုံး ပြုံးရိပ်သန်းနေတာမို့
ခင်ကပါ အားပါပါဖြင့် ခံစားချက်တွေဆက်သည်းမခံနိုင်တော့သည့်အပြုံးကိုချပြခဲ့လေသည်။

If possible ~Where stories live. Discover now