" ကဲပါ ထားပါတော့ လာ အစ်မလက်ကိုချိတ် "
မှုံက ၃စက္ကန့်လောက်ကြောင်အသွားပေမယ့်
သူမစိတ်ထဲကပျော်ရွှင်မှုဒဏ်ဟာ ပြင်းပြနေတာဖြစ်လို့ ရှက်ပြုံးပြုံးကာ ကွေးထားသည့်
ခင့်လက်ထဲကိုသူ့လက်လေး အသာထည့်ကာလက်မောင်းကိုကိုင်ပြီးလျှင်
" လာ လမ်းရှင်းပြီ ကူးရအောင် "
ထိုသို့မှ အတူပြေးကာတစ်ဖက်ကမ်းသို့ရောက်ခဲ့ပါသည်။
" အဆင်ပြေလား "
" ဟုတ်ပြေတယ် "
******************
( ည ၇နာရီခွဲ )
မှုံကလမ်းထဲကိုလမ်းလျှောက်ဝင်လိုက်မယ်ဆိုလို့ ခင်ကလမ်းရဲ့ထိပ်ကလေးနားမှာကားကို
ရပ်ပစ်လိုက်ပြီး ကားပေါ်ကအရင်ဆင်းသွားတဲ့
မှုံနဲ့အတူလိုက်ပါဆင်းခဲ့သည်။
" ကျေးဇူးပါ မမရေ . စားချင်တာဝယ်ကျွေးလို့"
" ရပါတယ် "
" ဒါဆိုမှုံသွားတော့မယ်နော် တာ့တာ မခင်
ကားသတိထားမောင်းနော် "
" မှုံ "
လှည့်ထွက်သွားတဲ့သူကို နောက်ကနေလှမ်းခေါ်
မိတော့ မှုံရဲ့ခြေများတန့်သွားကာ ချက်ချင်းပင်
နောက်လှည့်ကြည့်လိုက်တော့ ခင်ကကားထဲက
သူသက်သက်ဝယ်လာတဲ့ နှင်းဆီပန်း ၃ပွင့်ကို
ထုတ်လိုက်၏။
" အင့် .. မှုံ့အတွက် "
" ဟင် .... မှုံ့အတွက်လား "
" အင်း "
မှုံကနှင်းဆီပန်းကိုကြည့်ပြီး တအားသဘောကျ
နေတော့ ခင်လည်းကျေနပ်မိပါသည်။
" ကျေးဇူးပါ မခင် ... ဒါပေမယ့် ဒီနှင်းဆီအဖြူ
လေးကိုတော့ မမကိုပြန်ပေးမယ် "
" အယ် ... ဘာလို့လဲ မကြိုက်လို့လား မှုံ "
မှုံကပြုံးပြီးခေါင်းခါတော့ ခင်ကမှုံ့ဆန္ဒကိုအမီ
လိုက်တွေးမိသည်။ သို့သော် တွေးဆလို့မရ။
" နှင်းဆီအဖြူရဲ့အဓိပ္ပာယ်က ဖြူစင်တဲ့ချစ်ခြင်းလေ၊ အဲ့တော့ ဒီတိုင်း မခင်အတွက်ပေးချင်လို့ပါ "
ပြုံးပြီးတစိမ့်စိမ့်သာကြည့်နေမိပါတော့သည်။
မှုံကအလွန်ချစ်ဖို့ကောင်းသည်၊ စကားပြောသည့်နေရာမှာရော သူ့အမူအရာကိုကအစ ကလေးလေးတစ်ယောက်နဲ့စကားပြောနေရသည့်အတိုင်းပင်။ သွက်ကလည်းသွက်၊ စကား
ကလည်းတတ် တကယ့်ကိုချစ်ဖို့ကောင်းတဲ့
ကလေးမလေး ...
YOU ARE READING
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If Possible ( Part - 14 )
Start from the beginning
