" ဪ .. ဪ "
" မှုံကော တစ်ယောက်တည်းလား "
" သူငယ်ချင်းတွေနဲ့လာတာ ကားတော့မပါဘူး။
ဒါပေမယ့် သူတို့လည်းပြန်သွားပြီ၊ ကားစီးမလို့
မှတ်တိုင်ဆီသွားမို့လုပ်နေတာနဲ့ မမလှမ်းခေါ်လို့
မှုံလှည့်ကြည့်မိလိုက်တာ "
မှုံစကားပြောတိုင်း သွက်သွက်လက်လက်နဲ့
စိတ်လွတ်ကိုယ်လွတ်ပြောတတ်တော့ ခင်မပြုံး
ဘဲမနေနိုင်တော့။ မှုံက အပေါ်ကအဝါရောင်
Top လေးကို အောက်က အညိုရောင် tennis skirt လေးနဲ့တွဲဝတ်ထားတာဖြစ်သည်။ အောက်ကတော့ sneaker အဖြူစွတ်စွတ်ဖြင့်
ဘာဘီမလေးသဖွယ်ချစ်ဖို့ကောင်းနေခဲ့သည်။
ခင့်အတွက်တော့ မှုံ ရည်းစားမြန်မြန်ရမှာကို
စိုးရိမ်ရသည်။ ဘာလို့ဆို ဒီလိုချစ်ဖို့ကောင်းပြီးလှပတဲ့ကောင်မလေးနဲ့ရင်းနှီးခွင့်ရထားတော့
ခင့်အဖို့ သူများဆီလွယ်လွယ်နဲ့မပေးရက်ပါ။
" မ မှာ ကားပါတယ်လေ။ အိမ်ကိုအစ်မလိုက်ပို့
ပေးပါ့မယ် "
" အာ တကယ်လား "
" အင်း ၊ လောလောဆယ်မုန့်သွားစားရအောင်
အစ်မဝယ်ကျွေးမယ်လေ မှုံဘာစားမလဲ "
" ရေခဲမုန့် "
ခင်က ဟက်ဟက်ပက်ပက်ရယ်မိလိုက်တော့
မှုံကပင် မျက်မှောင်ကြီးကြုတ်လျက်
" ဟ! ... ရေခဲမုန့်တဲ့လား "
" အင်းလေ မမကလည်း ဘာဖြစ်လို့ "
" ဗိုက်မှမဝတာကို "
" သူငယ်ချင်းတွေနဲ့စားလာပြီးပြီလေ "
" ကောင်းပါပြီရှင် ဒါဆိုရင်အစ်မ ကားရပ်ထားတဲ့နေရာတစ်ချက်သွားလိုက်ဦးမယ် ပန်းသွား
ထားမလို့ မှုံဒီမှာပဲနေခဲ့ပါလား"
" ရဘူးလိုက်မယ် "
" ကားရှုပ်တယ်လေ မှုံရဲ့ "
" ရဘူး "
မြို့တည်းဘက်ကားလမ်းအတော်ရှုပ်သည်ကို
ခင်သိပါသည်။ ကားတွေက ကမူးရှူးထိုးမောင်း
ကြတာ ဖြစ်ကတတ်ဆန်းနိုင်လွန်းတာမို့ တစ်ယောက်တည်းလမ်းကူးရင်ဘာမှမဖြစ်ပေမယ့်လို့ မှုံနဲ့ပါအတူကူးရမယ်ဆိုတော့ သူမ စိတ်ကဖြင့်မလုံခြုံပါ။ သူမ၏စိုးရိမ်မှုရာခိုင်နှုန်းဟာ အမြင့်ဆုံးတက်နေသည်ဖြစ်သည်။
YOU ARE READING
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If Possible ( Part - 14 )
Start from the beginning
