***************
လေပြေခပ်နွေးနွေးက လောက၏အလှဓာတ်ကိုပို၍ပင်ဖြည့်စွက်ပေးစေခဲ့သည်။ မြို့တည်း
ဘက် နေ့လည်လောက် ထွက်ရှိခဲ့၍ လမ်းမှာတွေ့သည့်ပန်းဆိုင်ကနေ နက်ဖြန်မနက်ဖို့ဘုရားပန်းကပ်ရအောင် ချိုချဉ်ရောင်အလှတစ်မျိုးဖြင့်ညှို့နေသည့် နှင်းဆီပန်းကို ခင့်မျက်စိထဲ
အကြိုက်တွေ့ကာ ပြုံးစေမိတာမို့ ဘုရားအတွက်ပန်းတစ်စည်းကိုဝယ်ရင်း နောက် ၃ပွင့်ဖြစ်တဲ့ အဝါ၊ပန်းနု၊အဖြူကိုပါသဘောကျမိ၍ သက်သက်ဝယ်ကာ ဆိုင်ထဲကထွက်ပြီးလျှင် မြို့ပတ်တစ်ခွင် လည်ပတ်မိသည်။
ခင်ရဲ့ outfit ကတော့ နက်ပြာရောင်ကော်လံပါတဲ့အင်္ကျီလက်ရှည်ဖြစ်ပြီး ထိုအင်္ကျီဟာရှေ့ဘက်ကအတို နောက်ဘက်ကအရှည်ဖြစ်ကာ
ခပ်မိုက်မိုက်စတိုင်ပုံစံလေးတစ်ခုဖြစ်၏။အောက်က ဂျင်းဘောင်းဘီစတိုင်ပန့်ကိုတွဲဝတ်
ကာ အနက်ရောင်ဒေါက်ဖိနပ်ကိုစီးထား၍ ဆံပင်များကိုနောက်သို့သိမ်းစုပြီး ချထားတာဖြစ်လို့ သူမ၏စတိုင်က မိမိုက်နေခဲ့သည်။
ဘေးဘက်သို့ငေးကြည့်ကာလျှောက်လာခဲ့ရင်း
တံတားအောက်ရပ်နေသူကိုမြင်မိတော့ မျက်ဝန်းအိမ်ပင်ကျယ်ဝန်းသွား၍ မျက်လုံးများကလက်ခနဲဖြစ်ကာ ပိပိရိရိပြုံးလိုက်ပြီးလျှင် ဤအဖိုးတန်လေးကိုလှမ်းခေါ်မိပါသည်။
" မှုံ "
မှုံ၏အကြည့်များက ချက်ချင်းပင်ခင့်ဆီကျရောက်သွားကာ အံ့အားသင့်၍ပျော်မတတ်မြူးထူးပြီး ပါးစပ်ပင်နားရွက်နှင့်တပ်ချိတ်မတတ်ပြုံးရယ်မိပါသည်။
" မခင် "
အသံအိုးသေးသေးလေးက အပျော်လွန်သည့်
အားကြောင့် ကျယ်လောင်ကာ ၁၂ပေအကွာကနေ ခင့်ဆီသို့ပြေးလာပြီး တင်းတင်းကျပ်ကျပ်
ပွေ့ဖက်လိုက်ပါသည်။
" အား .... မမခင် .. ပျော်လိုက်တာ ၊ ဘယ်လာတာလဲ "
" နေ.. နေဦးလေ မှုံ ၊ အစ်မကိုလွှတ်ပေးဦး
အသက်ရှူကျပ်နေပြီ "
ထိုသို့မှရှက်ပြုံးပြုံးကာ "တဟီးဟီး"ဖြင့် လွှတ်ပေးလိုက်ပါသည်။ သို့မှခင်လည်းချောင်းဟန့်လျက်...
" အစ်မမြို့တည်းပတ်ရင်း လမ်းမှာပန်းဆိုင်
တွေ့တာနဲ့ နက်ဖြန်မနက်ဘုရားကပ်ဖို့ဝယ်လိုက်မိတာ "
YOU ARE READING
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If Possible ( Part - 14 )
Start from the beginning
