" ကိုဉာဏ် .. ကိုဉာဏ်ဘာလို့ကျွန်တော့်အပေါ်
ဒီလောက်ကောင်းရတာလဲဟင် "
" ညီနဲ့ဒီလအနည်းငယ်လောက်မှာ ခဏလေး
အတွင်း သံယောဇဉ်တွယ်လိုက်မိတော့ ညီ့ကို
ကိုယ့်ညီလေးတစ်ယောက်လိုပဲတန်ဖိုးထားတယ်။ အစ်ကိုသိထားတဲ့ညီက သန်မာတဲ့ကောင်လေးမဟုတ်လား ..... ဒါကြောင့်အများကြီးသန်မာရပြီးအကောင်းဆုံးရှေ့ဆက်ရမယ်
နော်ညီ ၊ ညီ့အနားမှာကိုယ်အမြဲရှိနေပေးမယ် "
စကားတစ်ခွန်းက အားဆေးတစ်ခွက်ဆိုတာ
မှန်ပါပေသည်။ ခရောင်အဖို့ တည်တံ့၏ရင်ထဲကလာတဲ့ စကားအစစ်အမှန်တိုင်းကိုနားထောင်
လိုက်ရသည်နှင့် လူကိုအားဖြစ်စေပြီး နဂိုအပြုံး
ထက် လှပသည့်အပြုံးကိုပေါ်လွင်အောင်ဖန်တီး
ပေးနိုင်ခဲ့သည်။ တည်တံ့ရဲ့မျက်နှာကိုသာ အကြည့်မခွာနိုင်ဘဲ ငေးကြည့်မိနေရင်း နှုတ်ခမ်းထောင့်များတွန့်ကွေးမတတ်ပြုံးကာ
မျက်ဝန်းအိမ်မှစုနေသည့် မျက်ရည်များက
ပါးပြင်ပေါ်တောက်ခနဲ ထပ်တူစီးကျလာခဲ့သည်။
" ဟေး .... ဘာလို့ .. ဘာလို့ငိုနေတာလဲ ညီ "
" ကျေးဇူးပါ ကျွန်တော့်အတွက်တကယ့်ကို
အားဖြစ်စေတယ် "
" ညီရယ် .. အဲ့ဒါနဲ့ပဲ "
တည်တံ့ခမျာ ရုတ်တရက်ဆိုသလိုလန့်မိ၍ မျက်စိပျက်မျက်နှာပျက်ဖြင့် ပြာသွားပြီး ပါးပြင်ပေါ်မှာမခန်းခြောက်သေးသည့် မျက်ရည်ကြည်ကြည်ကိုဖွဖွလေးသုတ်သင်ပေးလိုက်တယ်။
" မငိုပါနဲ့ ၊ ငိုစရာလည်းမပါဘဲနဲ့ကို "
" အဲ့ဒါငိုစရာမဟုတ်လို့လား "
" ကဲပါ ဟုတ်ပါပြီ... ကိုယ်မျက်လုံးတွေလေးနေလို့ ခဏလေးမှေးလိုက်ဦးမယ်နော် ၊ ညီတစ်ယောက်တည်းဖြစ်တယ်မလား "
" ရပါ့ ဟိုဆိုဖာလေးမှာဖုန်းသုံးနေလိုက်မယ် "
" အင်း ... ကိုယ်သိပ်မကြာပါဘူး "
" ကောင်းပါပြီဗျာ အိပ်ပါ "
ခရောင်ကထိုင်ရာမှထကာ ခြေရင်းကစောင်ကို
ဖြန့်ပြီးသည်နှင့် တည်တံ့၏ရင်ခေါင်းအထိရောက်အောင် မတင်၍ခြုံပေးလိုက်တော့ ခပ်နွေးနွေးခံစားချက်လေးကို တည်တံ့ခံစားမိပါသည်။
YOU ARE READING
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If Possible ( Part - 14 )
Start from the beginning
