If Possible ( Part - 14 )

Start from the beginning
                                        

" ဟင် ... ဘာဖြစ်လို့လဲ ညီ "

" ဘာလို့ ညလုံးပေါက်စောင့်နေတာတုန်း၊
အဲ့ကိစ္စရှင်းဦး "

" အဟက်! ညီလည်းသိပြီးပြီလေ၊ ကိုယ်တောင်းပန်ချင်လို့လို့။ မဟုတ်ရင်ကိုယ့်စိတ်ထဲ
နေထိုင်မတတ်ဖြစ်နေမှာစိုးလို့ပါ ညီရယ် "

" ဒါမယ့် "

" ကဲ ထားပါညီ "

ခရောင်ဆက်ပြောမည့်စကားများကိုကြားဖြတ်
ပိတ်ပင်လိုက်တော့ ခရောင်ပြောမည့်စကားများရပ်တန့်သွားခဲ့ရ၏။

" အဟွတ် အဟွတ် "

" အင့် ... ရေသောက်လိုက်ဦး ကိုဉာဏ် "

စင်လေးပေါ်တင်ထားတဲ့ရေခွက်ကိုလှမ်းယူကာ
ရေကိုတစ်ဝက်လောက်ထည့်ပေးလိုက်၍ တည်တံ့ကို သောက်ခိုင်းစေတော့ ‌တည်တံ့လည်းရေကိုပင်လည်ချောင်းထဲဖိ၍မြိုချလိုက်ကာ နောက်ကိုမှီပြီးမျက်လုံးနှစ်ဖက်ကို
စုံမှိတ်ပစ်လိုက်တယ်

" အစ်ကိုနက်ဖြန်ဆေးရုံဆင်းလို့ရမလား ညီ "

" မရဘူး နေကောင်းမှဆင်း "

" ညီ "

တည်တံ့၏လေယူ‌လေသိမ်းပုံစံက စိတ်မရှည်သည့်လေသံမဟုတ်ခဲ့ဘဲ စိတ်လျှော့ပြီးပုံမှန်အတိုင်း‌ဆိုလာသည့်လေသံ။

" မရဘူးလို့ သန်ဘက်ခါမှဆင်း ၊ အဖျားလည်း
မကျသေးတာကို ၊ နောက်တစ်ခါအဲ့လိုမလုပ်ပါနဲ့ ကျွန်တော်တမင်မကိုင်မိလို့လည်းတောင်းပန်
ပါတယ်။ ကျွန်တော်စိတ်ရှုပ်နေလို့ပါ "

" ရပါတယ်ညီ။ ညီ့ဆီကတောင်းပန်တဲ့စကားတွေထပ်မကြားချင်တော့ပါဘူး "

ခရောင်ပြောလိုက်တိုင်း ပြန်၍တုံ့ပြန်လာတဲ့
တည်တံ့ရဲ့စကားတိုင်းဟာ ခရောင်ရင်ထဲကို
တစ်မျိုးနာကျင်စေသလို ရင်ဘတ်ကအောင့်
အောင့်လျက်။ တည်တံ့ကောင်းပေးတိုင်း သူက
ပင်ပို၍ အစွန်းရောက်နေသည်သလား။ သူ့ကိုယ်သူပင်မသိတော့။ တကယ်တမ်းပြောရရင်အပြင်လူလေ အလုပ်ရှင်သက်သက်ပဲလေ ဘာလို့အလုပ်ရှင်ကသူ့အပေါ်အခုလောက်ထိကောင်းပေးနေရတာလဲ။ ဘာကြောင့်အမြဲ
သူ့အတွက်နဲ့ အသက်ကိုပါအလေးမထားရတာလဲ။မျက်လုံးအကြည့်တွေနဲ့ စိတ်ခံစားချက်တို့ကတစ်ပြိုင်နက် အဓိပ္ပာယ်တစ်ခုတည်းကိုသာ
ဆောင်နေတော့သည်။ထို့ကြောင့် သူ၏ရင်ထဲကတစ်မျိုးသောခံစားချက်ဖြင့် တည်တံ့ကို
ခပ်စေ့စေ့ကြည့်သည်။

If possible ~Where stories live. Discover now