" ဘာလို့တစ်ညလုံးကြီးစောင့်နေတာလဲ။ ပြန်မလာရင်လည်း မနက်မှလာတွေ့လေ၊ အခုတော့
မိုးမိပြီးအအေးပတ်ပြီမလား ... ကိုယ်အပူချိန်ဘယ်လောက်တဲ့တုန်း "
" ငါခေါ်လာတုန်းကတော့ အဖျားက ၁၀၂. တော်တော်ကိုပူကျစ်နေတာ အခုမှနည်းနည်းအဖျားကျသွားတာ "
ခရောင်ကစိတ်ဆိုးနေပေမယ့်လည်း သူ့ရဲ့စိုးရိမ်
စိတ်တွေကမျက်လုံးတွင်သိသာနေသည်။
" တောင်းပန်ပါတယ် ကျွန်တော်မကောင်းခဲ့ဘူး"
" ညီ ... ကိုယ်မှားတာပါ ကိုယ်တောင်းပန်ပါ
တယ်နော် "
" နောက်ခါဒီလိုထပ်မလုပ်နဲ့၊ ပြီးရင်ဒီကဟာကပဲ စိတ်မကောင်းဖြစ်ရတာ အစ်ကို့ကိုလေလုပ်ချင်လိုက်တာ "
" အင်းပါ ကိုယ်နားလည်ပါပြီ .. အဟွတ် "
" အဆုတ်ထဲလည်းရေဝင်သွားသေး အာ့ကြောင့်ခုနကဆို ဆက်တိုက်ချောင်းတွေဆိုးနေတာ "
" အင်းအင်း နေ့သစ် ကျေးဇူးပဲကွာ ငါဂရုစိုက်
လိုက်မယ် မင်းပြန်ချင်ပြန်လို့ရပြီ "
" အေးအေး ဒါဆိုငါပြန်ပြီနော် "
နေ့သစ်က သူ့အိတ်ကိုင်ကာလှည့်ထွက်ဖို့အလုပ်
" နေ့သစ် ညီလေး "
တည်တံ့ဆီကလာတဲ့စကားသံကြောင့် နေ့သစ်
ခြေလှမ်းများပင်ချက်ချင်းရပ်တန့်သွားကာ
နောက်သို့ပြန်လှည့်လိုက်မိ၏။
" ကျေးဇူးပဲနော်ညီ .. အစ်ကို့ကိုလိုက်ပို့ပေးလို့ "
" အာ ... ရပါတယ် ဟဲဟဲ ... မလိုပါဘူး "
ကြောင်တိကြောင်တောင်ဖြင့် မျက်တောင်များကိုဆက်တိုက်ပင်ခတ်နေကာ ရုပ်ကလည်းပြုံးဖြီးဖြီး။
" ဒါ... ဒါဆို ကျ .. ကျွန်တော့်ကိုခွင့်ပြုပါဦး "
" အင်း ညီ "
နေ့သစ်လည်းခြေလှမ်းများကိုခပ်သွက်သွက်ဖြင့်လျှောက်လှမ်းကာ အခန်းထဲကနေထွက်သွားခိုက် နေ့သစ်ကိုပြုံးပြီးလှမ်းကြည့်နေတဲ့
တည်တံ့ကို ခရောင်က မျက်စောင်းလေးနဲ့ကြည့်လိုက်တာမို့ တည်တံ့အကြည့်များချက်ချင်းပင်ဆိုသလို ခရောင်ထံရောက်ရှိသွားလေသည်။
YOU ARE READING
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If Possible ( Part - 14 )
Start from the beginning
