" ကျွန်တော်တောင်းပန်ပါတယ်. အဲ့နေ့ညက
ကျွန်တော်အစ်ကို့ကိုတွေ့ချင်လို့လာခဲ့တာပါ.
အစ်ကိုနေမကောင်းဖြစ်နေတာကိုသိလို့ ခဏ
လာပြီးအနားမှာရှိပေးချင်ခဲ့တာကြောင့်ပါ "
" ဟ! ဘာ အနားမှာရှိပေးချင်တယ် "
ရင်းဆက်က လှောင်ရယ်သလိုလို။
" မင်းက ငါ့အနားမှာရှိချင်ရအောင် မင်းနဲ့ငါက
ဘာမို့လို့လဲ။ မင်းကငါ့ရဲ့ချစ်သူမှမဟုတ်တာ။
မင်းကငါ့ရဲ့ရန်သူလေ "
" အစ်ကို "
သည်းမခံနိုင်တော့သည့်အဆုံး ဆောင့်အော်လိုက်မိတော့ ခံစားချက်တွေပေါ့လျော့သွားမယ်ထင်ခဲ့တာ .. ဘယ်ဟုတ်မလဲ ပိုလို့တောင်
နာကျင်ရသေး .....
" အစ်ကို အခုလ်ိုပြောမှရမှာလား ၊ ဘာလို့လဲ
ကျွန်တော်တို့တစ်ယောက်ကိုတစ်ယောက်ချစ်
ခဲ့ကြတယ်မဟုတ်လား ၊ ဒီကိစ္စကြောင့်နဲ့ဘာလို့
နေ့ချင်းညချင်းတခြားသူတစ်ယောက်လိုအစ်ကိုမဟုတ်တဲ့အတိုင်း ပြောင်းလဲသွားရတာလဲ။ အစ်ကိုဘာလို့ကျွန်တော့်ခံစားချက်တွေကိုတောင်ထည့်မတွေးရတာလဲ. အစ်ကို့စကားလုံး
တိုင်း ကျွန်တော်ဘယ်လောက်နာကျင်ရတယ်.
ဟင့် .. ကျွန်တော်ဘယ်လောက်ခံစားရလဲ
အစ်ကိုသိရဲ့လား .. အင့် ... ကျွန်တော့်ကိုနည်းနည်းလေးတောင်နားမလည်နိုင်တော့ဘူးလား "
မျက်ရည်များပင်လှမ်းသုတ်ဖို့ကျွန်တော်မမီ
တော့ ... အဆက်မပြတ်ယိုကျလာကာ မျက်လုံးများပင် ကိုက်ခဲလာတယ်။ သူကတော့
ကျွန်တော့်ကိုခက်ထန်သည့်အကြည့်တွေနဲ့
ကြည့်နေဆဲ။ ကျွန်တော်ဘာဆက်လုပ်ရမလဲ...
" စကားအရှည်ကြီးတွေပြောရတာ မင်းဝါသနာ
လား .. မမောဘူးလား "
" ကျွန်တော့်ခံစားချက်တွေကို ကျွန်တော်
ဖွင့်ပြောနေတာ ၊ ကျွန်တော့်ကိုမလှောင်ပါနဲ့ "
" မင်းငါ့ကိုဘယ်လိုပဲပြောပြော ငါမင်းအပေါ်
ထားတဲ့ဆုံးဖြတ်ချက်ကို ပြန်ပြင်မှာမဟုတ်ဘူး"
" ကျွန်တော်အစ်ကို့အပေါ်ထားတဲ့ ဆုံးဖြတ်ချက်ကိုလည်းပြန်ပြင်မှာမဟုတ်လို့
ကျွန်တော့်ကိုလက်မလျှော့ခိုင်းပါနဲ့။ ကျွန်တော်
ပင်ပန်းရသလို အစ်ကိုလည်းစိတ်ပင်ပန်းစေရမယ် "
ESTÁS LEYENDO
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If Possible ( Part - 14 )
Comenzar desde el principio
