" အ ... အစ်ကို . အစ်ကိုကျွန်တော့်ကိုဖုန်းဆက်တယ် "
" ငါမင်းနဲ့ပြောစရာရှိတယ် ငါ့ကွန်ဒိုရဲ့ခေါင်မိုးထပ်မှာစောင့်နေမယ် မင်းလာခဲ့ "
ပြောပြီးပြီးချင်း ဖုန်းကိုတန်းချလိုက်တော့
ခရောင်ပင်စိတ်မကောင်းဖြစ်ခဲ့ရ။ ဖုန်းထဲက
စကားသံကလည်းမာရည်ကြောရည်ဖြင့် ပြတ်သားနေတော့ သူပိုလို့ပင်စိတ်မကောင်းဖြစ်မိခဲ့ရသည်။
ခရောင်သည် အိမ်ကနေအလျင်စလိုထွက်ကာ
တွေ့သည့်တက္ကစီငှားရမ်းပြီး ကွန်ဒိုသို့မောင်းနှင်
ခိုင်းသည်။ ကွန်ဒိုအောက်တွင် တက္ကစီတစ်စီး
ထိုးရပ်သည်ကို ခေါင်မိုးထပ်ကနေရင်းဆက်က
မြင်တာမို့ စောင့်ရုံသာစောင့်နေခဲ့သည်။ ခရောင်မှာတော့ ကားပေါ်ကဆင်းကာ သူ့အကြည့်များကချက်ချင်းပင် အပေါ်သို့မော့ကြည့်လိုက်လေလျှင်မြင်တွေ့ရသည့်သူက
သူချစ်ရသည့်သူတစ်ဦး... ချက်ချင်းပင်ဝင်ပေါက်ကိုဝင်ကာ စက်လှေကားဖြင့်တက်သွားပြီးလျှင် ခေါင်မိုးထပ်တံခါးကိုဖွင့်ချလိုက်၏။
ခြေလှမ်းတစ်လှမ်းစီ ဖြည်းဖြည်းချင်းလျှောက်
လာမိပေမယ့် အတွေးများကယောင်ချာချာ
စိတ်ထဲကပူပန်မှုနှင့်ကြောက်ရွံ့မှုကဒွန်တွဲလျက်
အစ်ကို့ဆီသို့လျှောက်လာခဲ့သော်လည်း စိတ်ကို
ခိုင်ခိုင်ထားထားမိသည်။သူကတော့နောက်ကျောပေးထားကာ ညာဘက်လက်ကို
အိတ်ကပ်ထဲထည့်ထားပြီး နေဝင်ချိန်ကိုငေးကြည့်လျက်
" ရောက်လာပြီလား "
ရင်းဆက်ကမေးခွန်းတစ်ခုကိုမေးပြီးသည်နှင့်
နောက်ကိုလှည့်လိုက်ရင်း ခရောင်ကိုခပ်စူးစူး
အကြည့်တစ်ချက်နဲ့မဲ့ပြုံးပြုံးလိုက်တော့ မြိုချ
လိုက်သည့် တံတွေးက ခရောင်လည်ပင်းထဲ
ချောက်ကပ်ကပ်ခံစားလိုက်ရတယ်။
" မင်းငါ့ကိုနှောင့်ယှက်လို့မပြီးနိုင်တော့ဘူးလား
ဟက်! ငါ့အခန်းထဲအထိပါ "
" ..... "
" မသိစေချင်လည်း လျှို့ဝှက်ချက်ကိုသေချာဖုံးမှပေါ့ ၊ အခုဟာက သဲလွန်စပါပေးခဲ့သေးတာလား "
အိတ်ကပ်ထဲကလက်ပတ်ကိုထုတ်ကာ လက်ကို
မြှောက်ပြလိုက်တော့ ခရောင်အသားတွေပါ
ခိုက်ခိုက်တုန်လာခဲ့တယ်။
YOU ARE READING
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If Possible ( Part - 14 )
Start from the beginning
