If Possible ( Part - 14 )

Start from the beginning
                                        

" ခင်... ကိုကြီးကို မလိမ်လို့ရမလား "

" ကိုကြီး ... တကယ်တော့ "

" သူ ကိုကြီးအခန်းထဲဝင်သွားတာလား "

ခင်လည်းမျက်လုံးနှစ်ဖက်ကိုစုံမှိတ်လိုက်ပြီး
သက်ပြင်းရှည်ချလိုက်တယ်။

" အင်း .. ဟုတ်တယ် ကိုကြီး . ဟိုနေ့ညက
ကိုကြီးအိပ်ဆေးသောက်ပြီးအိပ်ပျော်သွားတဲ့
အချိန်.. ခရောင်အိမ်ကိုလာခဲ့တယ်။
ဒါကလည်း ခင်ကိုယ်တိုင်ခွင့်ပြုလိုက်တာပါ "

" ခင် ... "

" တောင်းဆိုပါတယ် မောင်လေးကိုတော့နာကျင်အောင်ဘာမှထပ်မလုပ်ပါနဲ့ . ခရောင်က
အားနည်းတဲ့သူဆိုတာ ကိုကြီးလည်းသိထားတာပဲလေ ဘာလို့သူ့ကိုစိတ်ဒုက္ခတွေပေးနေဦး
မှာတုန်း "

" ...... "

" ဒါကြောင့် ဘာမှသွားပြီးပြဿနာမရှာပါနဲ့နော်
ကိုကြီး .. ခင်တောင်းဆိုပါတယ် . ကိုကြီးနေမကောင်းတုန်းက သူတစ်ညလုံးစောင့်ပေးနေခဲ့တာ၊ ဒါတောင်ကိုကြီးတစ်ရေးနိုးလာရင် သူ့ကို
မြင်မိမှာစိုးလို့ ပုန်းပြီးလည်းနေခဲ့ရတာ . ကိုကြီး
မနက်စာစားတဲ့ spaghetti အထိပါ ခရောင်
လုပ်ပေးခဲ့တာတွေချည်းပဲ "

ရင်းဆက်၏တုံ့ပြန်သည့်စကား‌များရှိမလာခဲ့။
ဘာစကားမှပြောမထွက်နိုင်တော့သည်အထိ
သူတိတ်ဆိတ်နေခဲ့တယ်။ ညီမဖြစ်သူရဲ့မျက်နှာကိုသာ အကြည့်မခွာတမ်းဆက်ကြည့်နေဆဲ...

" ညီမလေးတောင်းဆိုတာကိုတော့ လိုက်လျော
ပေးပါနော် အစ်ကို ... နော် "

" ကိုကြီးသွားတော့မယ် ခင် .. နောက်ကျနေပြီမို့"

ရင်းဆက်ကဒီနေရာမှာပဲစကားကိုလက်စသတ်
ပစ်ကာ ဖြတ်လိုက်တော့ ကျန်ခဲ့ရသည့်ခင်မှာ
မျှော်လင့်ချက်ကင်းမဲ့နေသည့်ဟန်ဖြင့် သူ့အစ်ကိုထွက်သွားတာကိုသာရပ်ကြည့်နေခဲ့ရာမှ
ဘာမှမတတ်နိုင်။

*******************

ရင်းဆက်က အပြင်သို့ရောက်ရောက်ချင်းမှာပင် သူ့ကားကိုမှီကာရပ်၍ အိတ်ကပ်ထဲကဟန်းဖုန်းကိုထုတ်ကာ ခရောင်ကိုဖုန်းဆက်သည်။တစ်ဖက်မှာတော့ သူသိပ်ချစ်ရတဲ့သူဆီက
အဆက်အသွယ်ပြတ်တောက်သွားတာကြာခဲ့ပြီမို့ အံ့အားသင့်ကာ ပျော်ရွှင်လျက် ...

If possible ~Where stories live. Discover now