အမလေးချောလိုက်လေခြင်း။ ယခုတော့ဒီလူသားက ရွှေကူ့အမျိုးသားကြီးဖြစ်ခဲ့ပြီပေါ့လေ။ ဖြစ်ရပ်မှန်လေးဆိုပေမယ့် ပြန်တွေးမိတိုင်းရင်တဒိတ်ဒိတ်နှင့် မယုံကြည်နိုင်ဖြစ်နေရသေးသည်။
တော်သေး အကိုလေးကနိုးမနေသေးလို့။ မဟုတ်လျှင်ဒီလိုဖက်အိပ်နေသည်နှင့် အနည်းငယ်နေရကျပ်၍ ရွှေကူတော့ထွက်ပြေးနေမိမှာသေချာလှသည်။

"ဟေ့"

"အမေ့ ..."

အံမယ်ဗျာ။ အာပူကြူးလေးကိုဖက်ထားသည့်ကွန့်မြူး၏လက်တစ်ဖက်ကို အသာလေးခွာ၍ တိတ််တိတ်လေးထဖို့ပြင်နေလေသည့် အာပူကြူးလေးကြောင့်ကွန့်မြူးမှာပြန်ဆွဲ၍ ဖက်ထားလိုက်တော့သည်။

"အကိုလေး လွှတ်.. ထတော့မလို့"

"အိပ်ပါအုံးကွ အစောကြီးပဲရှိသေးတာ "

ရွှေကူ့ကိုတင်းတင်းကျပ်ကျပ်ဖက်၍ ဆိုလာသည့်အခါ ရွှေကူမျက်နှာလေးပူလာမိသည်။

"အကိုလေးလွှတ်ပါ မသင့်တော်ဘူး "

"ဘယ်လို.."

ရွှေကူလွှတ်ခနဲထွက်သွားသည့်စကားနှင့်အတူ နှုတ်ခမ်းလေးကိုလက်နှင့်အုပ်ထားမိလိုက်သည်။ ရွှေကူစကားမှားသွားပြီမဟုတ်လား။

"ဘယ်လိုပြောလိုက်တယ် မသင့်တော့ဘူးဟုတ်လား"

"မေ့သွားလို့ ဟီး.. လက်ထပ်ပြီးသွားပြီဆိုတော့သင့်တော်တာပေါ့နော့"

"ဒါပေါ့ လက်ထပ်ပြီးပြီဆိုတော့ ဘယ်လိုနေနေသင့်တော်တယ် အာပူကြူးအင်္ကျီမဝတ်ပဲဒီအခန်းထဲပတ်လျှောက်နေလဲသင့်တော်တယ် "

"ဟယ် .."

ခေါင်းလေးမော့ကြည့်လာသည့်ကောင်မလေးက ကွန့်မြူးစကားကိုနားမလည်၍ထင်သည်။

"ထပ်ရှင်းပြရမလား "

"ရတယ် ရတယ်ရွှေကူနားလည်ပြီ "

ရုပ်ကြီးကထပ်ရှင်းပြချင်နေသည့်ရုပ်ကြီးကို ရွှေကူအမြင်လေးနဲနဲကပ်ရသည်။

"ဟေ့ ငြိမ်ငြိမ်နေလေ "

"ဟို ရွှေကူမနေတတ်လို့ "

"ဘာဖြစ်ပြန်တာတုန်းအာပူကြူးရယ် "

"အကိုလေးနဲ့ကဒီလိုကြီးမှမနေဘူးတာ အဲ့တော့နဲနဲရှက်နေသေးလို့အကိုလေးရဲ့ "

True Love 💭 (Completed)Where stories live. Discover now