Part 💭 26 (U&Z)

12.4K 305 4
                                    

True Love 💭❤ အပိုင်း - ၂၆
(Unicode)

ရွှေကူကားလေးပေါ်တွင်စကားလဲမပြောအကိုလေးကိုသာ တရိပ်ရိပ်ကြည့်၍ ပါလာတော့သည်။ ရွှေကူကအခုဝမ်းသာရမည်လားဝမ်းနည်းရမည်လားအကိုလေးရယ်။ ရွှေကူသိပ်ချစ်တဲ့အကိုလေးကိုပြန်တွေ့ရ၍ အတိုင်းမသိဝမ်းသာရသလို အကိုလေးရဲ့စိတ်ကြီးပုံတွေကြောင့်လဲဝမ်းနည်းမိပြန်သည်။

"ကောင်မလေးဘယ်လိုနေသေးလဲ "

"နဲနဲနာသေးတယ်အကိုလေး"

"ဆေးရုံသွားပြကြမလား "

"မသွားတော့ဘူးလေအကိုလေး အိမ်ရောက်မှထွန်းရွှေဝါလေးလိမ်းလိုက်မယ်"

"ရပါ့မလား "

"ရပါတယ် "

လည်ပင်းနာတာမသက်သာဘူးနှင့်တူပါသည်။ ခေါင်းလေးစောင်း၍ကွန့်မြူးဘက်လှည့်နေသည်မှာလဲ အတော်ကြာပြီဖြစ်လေသည်။ကိုကြမ်းတမ်းမိသွားပြန်ပြီကွာ ကောင်မလေးကိုယုယုယယလေးဆက်ဆံပါမည်ဆိုမှ ကိုယ်ဆိုတဲ့ကောင်ကစိတ်မထိန်းနိုင်ဘူးဖြစ်သွားတယ်ကွာ။ ကိုယ့်စိတ်နဲ့နှိုင်းမိပြီးကိုယ်ကောင်မလေးကို ဘယ်ကောင်နဲ့မှအတူတွဲပြီးမမြင်နိုင်တာလဲပါမှာပေါ့လေ။ ကိုယ်ကပွေရှုပ်ခဲ့ဘူးတော့ကိုယ်တိုင်ရော တစ်ခြားကောင်တွေရောကို ယုံကိုမယုံနိုင်ဖြစ်နေမိသည်။

ကောင်မလေးကိုလေ ဘယ်သူနဲ့မှအတူတွဲပြီးမမြင်ပေးနိုင်တဲ့အထိ ကိုယ်အချစ်အတ္တတွေကြီးခဲ့ပြီပဲ။

"ဟယ်သား အမလေးဘယ်လိုပြန်လာတာလဲသားရဲ့မာမီတို့ကိုလဲအကြောင်းမကြားဘူး"

ရွှေကူအနည်းငယ်ကြောင်သွားရတော့သည်။အကိုလေးပြန်လာတာကိုမေမေကြီးတို့ကလဲမသိဘူးပေါ့။

*ဘယ်သူ့မှအသိမပေးပဲ ရွှေကူ့ဆီအရင်လာတာပေါ့ ဟုတ်ပါ့မလားအလုပ်လာရင်းရွှေကူ့ကိုတွေ့လို့ အလုပ်မဝင်ပဲအိမ်ပြန်လာတာပဲဖြစ်လောက်မှာပါ အင်း..အဲ့အတိုင်းပဲဖြစ်လောက်မှာပါ*

ဆိုဖာပေါ်ထိုင်ရင်းရွှေကူတွေးနေမိတော့သည်။

"သမီးလေးဘာဖြစ်လို့လဲကွယ့် "

"ဟင်..ဘာမှမဖြစ်ပါဘူးမေမေကြီး"

"မသိဘူးလေသမီးလေးကခေါင်းတွေငြိမ့်နေလို့လေ"

True Love 💭 (Completed)Where stories live. Discover now