Part 💭 43 (U)

9.1K 230 8
                                    

(Unicode)
True love 💭❤ အပိုင်း - ၄၃

"ဟဲ့ နင်ပြောတော့လီမင်ဟိုနဲ့တူတယ်ဆို"

"တူတာရောဟဲ့ အဲ့မှာကြည့် နှုတ်ခမ်းရော နှာတံရောလေဒီလောက်တူနေတာကို"

"ငါတော့သိပ်မတူဘူးထင်တယ်ဟ "

"နင်တို့ကြိုက်တဲ့ကိုရီးယားမင်းသားနဲ့ကလဲ သိပ်မတူပါဘူးအေ လာပြန်မယ်မိအေး"

"ဒေါ်ကြီးကလဲ ခဏနေပါအုံး မျက်လုံးဖွင့်လိုက်ရင်ပိုတူတယ်လို့ကိုကြီးအေးချမ်းကပြောတယ် အဲ့တာတစ်ခါထဲကြည့်သွားကြမယ်လေ"

"အိပ်နေတာများသိုးလို့လေတော် နိုးမယ့်ပုံမပေါ်ဘူးဟဲ့ "

"ခဏလေးပါဒေါ်ကြီးရယ် "

မိအေးတို့နှင့်အတူပါလာသည့်ဒေါ်ကြီးဟာ ဦးစွာပြန်သွားသည့်အခါ မိအေးတို့သာကျန်ခဲ့လေတော့သည်။ မရဘူး နိုးအောင်ကိုစောင့်​ပြီးကြည့်သွားအုံးမယ်။

ရွှေကူငါးဆင့်ချိုင့်လေးဆွဲ၍ အကိုလေးရှိသည့်အိမ်သို့ ဒေါ်လေးနှင့်အတူလိုက်လာခဲ့လိုက်သည်။ သို့ပေမယ့် ဦးစွာတွေ့ရသည်က အိမ်အောက်မှ တန်းလျားဘေးတွင် ခလေး၆ ယောက်လောက်ဟာ ဝိုင်းအုံ၍နေကြသည်ပင်။

"ဒေါ်လေး ဘာဖြစ်လို့လဲမသိဘူးနော်"

"ဒေါ်လေးလဲမသိဘူး လာသွားကြည့်မယ်"

ရွှေကူတို့အိမ်အောက်လေးရောက်တော့ ထိုအုံနေသည့်ကြား ခပ်ဖွေးဖွေးမျက်နှာလေးကို အိပ်ပျော်နေသည့်ပုံစံလေးနှင့်တွေ့လိုက်ရတော့သည်။

"အကိုလေး .."

"ဟဲ့ဘာလုပ်နေကြတာလဲ မိအေးရယ်"

"အော်အရီးမြ "

အကုန်လုံးက ဒေါ်လေးဘေးသို့ရောက်လာကြသလို ရွှေကူ့လက်ကိုလဲအတင်းဆွဲလာသည့် ၁၂ နှစ် လောက်ရှိမည့်ခလေးမလေးတွေဟာ ရွှေကူ့ကိုမေးခွန်းတွေဆက်တိုက်ဆိုသလိုမေးလာလေသည်။

"မမ မမရဲ့အကိုက ချောလားဟင်"

"မမရဲ့အကိုက လီမင်ဟိုနဲ့တူတယ်ဆိုမမ"

"မတူပါဘူးဆိုသူတို့က တူတယ်ကြည့်လုပ်နေတာ မမဟင် မတူဘူးမလား"

True Love 💭 (Completed)Where stories live. Discover now