Part 💭 4(U&Z)

15.3K 296 7
                                    

True Love 💭❤ အပိုင်း - 4
(Unicode)

"သား ဘာတွေချောင်းကြည့်နေတာလဲ"

"ဟိုကောင်မလေး"

"မာမီလဲကြည့်နေတာမတွေ့သေးဘူး "

"မာမီ တစ်ခုခုဖြစ်နေတာတော့မဟုတ်လောက်ပါဘူးနော်"

"သားရယ် လွဲပါစေဖယ်ပါစေ "

"မဟုတ်ဘူးလေမာမီရာ အရင်ကဆိုဒီအချိန်ရေချိုးနေပြီ အခုမတွေ့လို့ကျွန်တော်ကစိတ်ပူနေတာ"

"ရွှေကူလေးရေချိုးတာ သားကဘယ်လိုသိလဲ "

မာမီကတော့လေ အရေးကြီးတာအရင်မမေးပဲ မဟုတ်တာတွေထမေးပြန်ပြီ။

"သားမဟုတ်မှရွှေကူလေးကို ကစားဖို့စဉ်းစားနေတာတော့မဟုတ်ပါဘူးနော်"

"ကျွန်တော်အဲ့လိုကောင်မဟုတ်ပါဘူးမာမီရာ ကျွန်တော်ကညီမလေးတစ်ယောက်လိုသဘောထားတာ အဲ့ကောင်မလေးကို"

ဒေါ်မာသိပါသည်။ မနေ့ကလဲသားဖြစ်သူမှာပြာယာခက်လို့ အိမ်ပြန်ရောက်တော့လဲဆရာဝန်မခေါ်ရကောင်းလားဆိုပြီး စိတ်တိုနေတာတွေ။ ဒါတွေကသားရွှေကူလေးကိုစိတ်ရင်းနဲ့ စိတ်ပူနေမှန်းမာမီသိပါတယ်သားရယ်။ သားရဲ့အကျင့်တွေမပြောင်းသေးပဲနောက်ဆို ရွှေကူလေးကိုအခွင့်ရေးယူမှာမာမီကစိုးရိမ်လို့ပါ။

"မာမီတို့ကအပြင်လူလေသားရယ် ညကပဲကြည့် မထူးမြတ်လေသံအနေအထားနဲ့မျက်နှာကိုသားလဲတွေ့တာပဲ အိမ်တွင်းရေးကို ဝင်မပါပါနဲ့ဆိုတဲ့ပုံစံမျိုးပြောသွားတာသားရဲ့"

"ဟုတ်ပေမယ့် မဟုတ်သေးဘူးလေဗျာ"

သားဖြစ်သူကတစ်ဖက်ခြံကိုကြည့်လိုက် လမ်းလျှောက်လိုက်နှင့် လုပ်နေသည့်ဘေး ဒေါ်မာပါရပ်၍ကြည့်နေမိသည်။ သံယောဇဉ်တွေဆိုတာမျိုးကလဲ ဖြတ်ရခက်တော့အဆိုးသား။ ခေါ်ထားပါမယ်ဆိုတော့လဲခွင့်မပြု ရေရှည်ထားပြန်တော့လဲစိတ်မချရနဲ့ ရင်လေးလိုက်တာသမီးရွှေကူရယ်။

ကွန့်မြူးအလုပ်ရောက်တော့ ဟိုကောင်မလေးကိုလိုက်ရှာကြည့်သေးသည်။ သို့ပေမယ့်မတွေ့။ အခြေနေမကောင်းလို့လားဟုစိတ်ထဲတွေး၍ အခန်းဆီဦးတည်လျှောက်နေခိုက်....

True Love 💭 (Completed)Where stories live. Discover now