Part 💭 9 (U&Z)

11.6K 289 1
                                    

True Love 💭❤ အပိုင်း - ၉
Unicode

"အကိုလေး တစ်လတ်ဆိုရပါပြီလေ"

"မရှည်နဲ့ မနေ့ကလိုကျိုးခဲ့ရင်နောက်တစ်လတ်မရှိတာနဲ့မင်းအတွက်အဆင်ပြေမှာမဟုတ်ဘူး ဘာလဲမျက်လုံးကမလိုချင်တော့လို့လား အကုန်ပတ်တိုက်ပြီးလဲနေချင်လို့လား..."

"မဟုတ်ပါဘူး"

ကဲ ဆူငေါက်မိပြန်ပြီ။ စကားပြောရင်ငြင်ငြင်သာသာသိပ်မပြောတတ်တဲ့ကိုယ်နဲ့ မင်းလုပ်ပုံနဲ့တော့ဟုတ်နေပြီကွာ။

"ခဏထိုင်စောင့်အုံးဒီနား"

"ဟုတ်.."

ရွှေကူခုံတွင်ထိုင်စောင့်လိုက်တော့ အကိုလေးကအခန်းတစ်ခုထဲဝင်သွားလေသည်။ စာတွေသေချာမမြင်ရလို့ ဘယ်အခန်းလဲတော့ရွှေကူမသိ။ သေချာတာတော့ မျက်မှန်သွားယူတာဖြစ်ပြီး ဘေသွားရှင်းတာဖြစ်မည်။

"ကောင်မလေးထ ပြန်ရအောင်လို့"

"ဟုတ်အကိုလေး"

အကိုလေးနောက်မှရွှေကူလိုက်သွားတော့ လူတစ်ယောက်နောက်မှပုခုံးကိုဖြတ်တိုက်သွားလေတော့သည်။

"အ.."

"ဘာဖြစ်တာလဲ "

"မြူး"

ကွန့်မြူးဘေးရှေ့ပိတ်ရပ်နေသောလူတစ်ယောက်ကိုကျော်၍ လှမ်းကြည့်လို​က်တော့ ပခုံးလေးဖိကိုင်ရင်း မျက်နှာလေးကမဲ့နေလေသည့်ကောင်မလေးကို မြင်ရလေသည်။

"ဘာဖြစ်လို့လဲ နာလို့လား"

"အွန်း"

"လူတစ်ယောက်လုံးကိုမမြင်ဘူးလားမင်းက "

"မြူးဒို့ပါ.."

"ဘယ်ကဒို့လဲ မသိဘူး"

အရပ်ရှည်ရှည်အတိုအပြတ်နှင့် ဆံပင်အရောင်မီးခိုးငွေ့ရောင်ကိုဆိုးထားပြီး ကွန့်မြူးလက်ကိုလာချိတ်နေသည့်တစ်ယောက်ကို ခါချ၍နောက်သို့ဆုတ်လိုက်သည်။ ကောင်မလေးတစ်ယောက်လုံးရှိနေရက်နဲ့ အရဲတင်းပြီးလာကိုင်နေသည့်လက်ကိုလှန်ချိုးပစ်ချင်ပါသည်။

"မြူးဒို့နဲ့တစ်ခါဆုံဖူးတယ်လေ"

"အကိုလေးအသိလား"

True Love 💭 (Completed)Where stories live. Discover now