Part 💭 11 (U&Z)

11.9K 264 5
                                    

True Love 💭❤ အပိုင်း - ၁၁
(Unicode)

"မဇင်ထမင်းစားနှင့်လိုက်နော် ရွှေကူဒါလေးပြီးမှစားလိုက်မယ်"

"လာပါရွှေကူရဲ့အလုပ်ကနောက်မှလုပ်လဲရတာကို တစ်ခါထဲစားလိုက်ပါ"

"ရွှေကူလဲဗိုက်မဆာသေးလို့ပါ နောက်မှစားလိုက်မယ်နော်"

"အင်းအင်း ဒါဆိုလဲမဇင်သွားစားတော့မယ်နော်"

"ဟုတ်"

အလုပ်လေးပျက်လိုက်ကာမှ ရွှေကူ့အတွက်အလုပ်တွေပုံနေသည်ကြောင့် ထမင်းမစားပဲ စာသာထိုင်ရိုက်နေလိုက်တော့သည်။ လူကလက်ကွက်အရမ်းနှေးတော့ တစ်ခြားလူတွေထပ်အချိန်ယူနေရပြီး မဇင်လဲအလုပ်တွေပိနေသည်ကြောင့် ရွှေကူဆီမကူနိုင် ရွှေကူတစ်ယောက်ထဲသာလုပ်နေရတော့သည်။ အရေးမကြီးပေမယ့်လဲ ရွှေကူဒီအလုပ်လေးတွေပြီးမှဖြစ်မည်လေ။

အကိုလေးကမရှိ အပြင်သို့လုပ်ငန်းအတွက်သွားလေသည်ကြောင့် ရွှေကူထမင်းမစားပဲနေ၍ရခြင်းဖြစ်သည်။ မဟုတ်လျှင် အကိုလေးရဲ့မနက်ကလို​စိတ်မရှည်ပုံနှင့် ရောဂါရှာတယ်ဆိုပြီးဆူနိုင်သည်မဟုတ်လား။ အကိုလေးကအမြင်မတော်တာရှိလျှင်ဆုံးမတတ်သလို ပြောစကားနားမထောင်လျှင်လဲ အော်တတ်သေးသည်ကြောင့် ရွှေကူအကိုလေးကိုကြောက်လဲကြောက်ရ လေးလဲလေးစားရဖြစ်သည်။ ရွှေကူ့အကိုအရင်းသာဖြစ်လျှင်သိပ်ကောင်မှာပဲဟု အတွေးလေးခဏတစ်ဖြုတ်တွေး၍ စာရွက်ကိုကြည့်လိုက်ကွန်ပျူတာကြည့်လိုက်နှင့် ရွှေကူအတော်လေးမျက်လုံးကစားနေရပါသည်။

"အဲ့တာဘာလုပ်နေတာလဲ"

"စာရိုက်နေတာ ဟင်.."

ရွှေကူမော့ကြည့်လိုက်တော့ ဝတ်စုံပြည့်ဝတ်ထားသည့်အကိုလေးက ရွှေကူ့ကိုလက်ပိုက်၍ကြည့်နေခြင်းဖြစ်သည်။ အကိုလေးကအကြားအမြင်များရနေသလားမှတ်ရပါသည်။ ကြည့်အကိုလေးအကြောင်းနဲနဲလေးတွေးကာရှိ​သေး အနားသို့ရောက်နေပြီဖြစ်သည်။

"အကိုလေး"

"စာရိုက်နေတာကငါမြင်သားပဲ မင်းကသူများတွေလိုထမင်းမစားပဲဘာထိုင်လုပ်နေတာလဲမေးတာ"

True Love 💭 (Completed)Where stories live. Discover now