(Unicode)
True Love 💭❤ အပိုင်း - ၅၀ကောင်မလေးရဲ့ခေါင်းငြိမ့်ဂတိပေးမှုတွေအပြီး အပြင်မှအဖွဲ့တို့သည် အစီအရီဝင်လာကြလေတော့၏။
ဝင်လာသည့်လူတွေကို ရွှေကူဂရုမစိုက်အား ထိုလူတွေထဲဒေါ်လေးကို မြင်လိုက်သည်မို့ ရွှေကူပြေးသွားမိသည်။
"ဒေါ်လေး "
"ဒေါ်လေးဘယ်လိုရောက်လာတာလဲ သမီးဆီလာလည်တာလား "
ဒေါ်လေးလက်ကိုရွှေကူဆွဲ၍ ပြုံးပျော်ကာ မေးလိုက်ရာ ဒေါ်လေးကဘာမှမပြောပဲငြိမ်နေလေသည်။
"ကိုအေးချမ်းရောပါတာလား"
"အေးငါ့ညီမ"
"ဟင်.. လူတွေကအများကြီးပဲ "
ပြောလို့ပြောသည်မဟုတ် ဧည့်ခန်းကြီးပြည့်သွားလောက်သည်အထိလူတွေများလွန်းလှသည်။
အကိုလေးတို့ သူငယ်ချင်းအဖွဲ့ရယ် မေမေကြီးရယ် ဒေါ်လေးတို့ရယ် မမဖြူငယ်နှင့်လွန်းငယ်ကပါ ပါလာသေးသည်ကြောင့်ရွှေကူ ကြောင်နေမိတော့သည်။
အားလုံးကလဲရွှေကူ့ကိုသာဝိုင်း၍ ကြည့်နေကြသလို မျက်နှာတွေကလဲသိသိသာသာပျက်နေကြတော့သည်။
"ဘာဖြစ်လို့လဲဟင် ဘာလို့လူတွေအများကြီးကရွှေကူ့ကိုကြည့်နေကြတာလဲ" ထိုမေခွန်းကို တစ်ယောက်ထဲသာကိုယ်တိုင်မေးမိ၍ ဘေးမှလူတွေကိုလိုက်ကြည့်မိသည်။"ဒေါ်လေး အကိုလေး ဘာဖြစ်လို့လဲ ဘာဖြစ်လို့လဲဟင်အကိုလေး"
ကွန့်မြူးနားပြန်ရောက်လာကာ မေးလာသည်မို့ လက်ကဆွဲ၍ ဆိုဖာပေါ်ပြန်၍ထိုင်ခိုင်းရသည်။
"ကိုယ်ကလောကိုဘာလို့သွားတာလဲကောင်မလေးသိလား"
ရွှေကူခေါင်းခါပြလိုက်သည်။
"ကိုယ်လူတစ်ယောက်ကိုရှာဖို့သွားတာ "
"ဘယ်သူလဲအကိုလေး"
"ကောင်မလေးရဲ့မေမေ "
"ရှင်"
"ကောင်မလေးရဲ့မိဘတွေကိုကိုယ်တွေ့လာပြီ ကောင်မလေးရဲ့မေမေကိုလဲကိုယ်အခုခေါ်လာပြီ"
အတည်ပေါက်ကြီးပြောနေပေမယ့် ရွှေကူမယုံကြည်စွာ ထိုစကားကိုလက်သင့်မခံခဲ့ပေ။