Part 💭 8 (U&Z)

12.4K 285 0
                                    

True Love 💭❤ အပိုင်း - ၈
(Unicode)

"သမီး သမီးသတိရပြီလား သမီးသက်သာရဲ့လားကွယ်"

"မေမေကြီးလား..."

"အင်းလေသမီးရဲ့မေမေကြီးလေ"

ရွှေကူမျက်လုံးတွေကအဝေးမှုန်ကိုမှ ကိုယ့်အနီးနားနှစ်ပေလောက်ပဲ ကြည်လင်စွာမြင်ရသည်။တစ်ချို့အဝေးတွေဆို တွေဝါးစွာယောက်ကျားလားမိန်းမလားတောင် မှန်းဆ၍ခက်ရသည်အထိ မျက်လုံးတို့မှုံနေရသည်။ အခုလဲမေမေကြီးကို မျက်နှာတအားကြီးမသဲကွဲပေမယ့် ရွှေကူမေမေကြီးမှန်းသိပါသည်။ ရွှေကူ့အိပ်နေသည့်ဘေးထိုင်ကာ ရွှေကူ့ကိုဖက်လိုက်မှ ရွှေကူမေမေကြီးကိုသေချာစွာမြင်ရခြင်း။

"သမီးရယ် မေမေကြီးစိုးရိမ်လိုက်ရတာကွယ်"

"ရွှေကူဘာမှမဖြစ်ပါဘူးမေမေကြီးရဲ့ မေမေကြီးစိတ်မပူနဲ့နော်"

"အေးပါ အေးပါသမီးရယ်"

"မေမေကြီးပြန်အိပ်လိုက်နော် မနက်လင်းဖို့လိုသေးတယ်ထင်တယ်"

"သုံးနာရီလောက်တော့ရှိပြီသမီး သမီးတစ်ယောက်ထဲဖြစ်ပါ့မလားကွယ် "

"ရပါတယ်မေမေကြီးရဲ့ ပြန်အိပ်လိုက်နော်"

မေမေကြီးက အခန်းလေးထဲကထွက်သွားတော့ မှန်လေးတွေသုံးထားကာ တပ်ထားသော ပြူတင်းပေါက်လေးကိုရွှေကူသွားဖွင့်လိုက်တော့သည်။ လူတစ်ကိုယ်လုံးလဲနုံးချိနေကာ ကိုင်ရိုက်ထားသလိုနာကျင်နေရသည်။ အဆိုးဆုံးကပါးမှနာကျင်မှုပင် နေရတာထူထူအမ်းအမ်းကြီးနှင့် ရွှေကူပါးလေးအထိမခံနိုင်အောင်ဖြစ်နေရသည်။ ပြန်အိပ်မည်ကြံ၍ ကုတင်လေးထက်မှေးနေရင်းက အိမ်မက်တွေအကြောင်းတွေနေမိသည်။

အိမ်မက်တွေအများကြီးမက်ခဲ့တယ် ကိုကိုကြီးကရွှေကူ့ကိုလိုက်သတ်နေတာတဲ့။ ပြေးလိုက်ရတာလဲ ကြောက်စိတ်တွေကြည့်ပဲမို့ထင်သည် ရှေ့ကိုမရောက်မှီမလိုလေးနှင့် လွတ်လာတာကြည့်ပဲ။ ရွှေကူ့ခြေထောက်တွေက ဘယ်လောက်အပြေးသန်သန် ကိုကိုကြီးအနားကနေ အလှမ်းဝေးတဲ့အထိရွှေကူမပြေးနိုင်ခဲ့ပေ။ ကြောက်လိုက်ရတာနော် မှီသွားရင်ရွှေကူသေလောက်အောင် အရိုက်ခံရတော့မှာပဲလို့တွေးပြီး အိမ်မက်ကြီးထဲပြေးလွှားရုန်းကန်နေရတာကို အပြင်ထိစိတ်ပင်ပန်းရတုန်းပင်။ ကြောက်စရာကောင်းလိုက်သည့်အိမ်မက်ကြီးကို ရွှေကူထပ်မမက်ချင်တော့ဘူး။ ပင်ပန်းရတယ် ရွှေကူမနေ့ကအဖြစ်ဆိုးကြီးကိုလဲ ရွှေကူအိမ်မက်ကြီးပဲဖြစ်လိုက်ချင်တော့သည်။

True Love 💭 (Completed)Where stories live. Discover now