Part 💭 30 (U&Z)

13.4K 310 12
                                    

True Love 💭❤ အပိုင်း - ၃၀
(Unicode)

ရွှေကူအကိုလေးကိုရှောင်နေမိပေမယ့် စိတ်ထဲတွင်တော့ကလိကလိနှင့် အပျော်လွန်နေရတော့သည်။ ရွှေကူတို့နှစ်ယောက်ကအဆင့်တတ်ခဲ့ပြီတဲ့လား။ ရွှေကူသိပ်ချစ်တဲ့အကိုလေးကလဲ ရွှေကူ့ကိုချစ်ပါသည်တဲ့လား။ ရွှေကူ့ကိုသဝန်တွေတိုလွန်းပြီး ရွှေကူ့အပေါ်ချုပ်ချယ်ခဲ့သည်တဲ့လား။ အဲ့တာကြောင့်ဂါဝန်ဒူးဖုံးလေးတွေကြည့်ဝယ်လာခဲ့တာတဲ့လားအကိုလေးရယ်။ ရွှေကူလေပြန်တွေးမိတိုင်း မနေ့ညကအဖြစ်ကြီးကိုရင်ခုန်လွန်းနေရသလို ရှက်လဲရှက်နေမိတော့သည်။ မနေ့ညကရွှေကူဖွင့်ပြောခံလိုက်ရသလို ရွှေကူ့နှုတ်ခမ်းလေးတစ်စုံကိုလဲ အကိုလေးကစားသုံးသွားသည်တဲ့လား။

ရွှေကူပန်းခြံလေးထဲထိုင်နေရင်းမှ ကြည်နူးရိပ်အပြုံးလေးတွေ တမြေ့မြေ့တတ်လာကာ ပြုံးရွှင်နေမိတော့သည်။ အကိုလေးရဲ့မျက်နှာချောချောနှင့် မနေ့ကဖွင့်ပြောသည့်ပုံစံကိုတွေးမိလိုက်လျှင် မျက်နှာလေးထားစရာမရှိသည့်အလားဖြစ်နေရတော့သည်။ အကိုလေးကအဲ့အချိန်တုန်က လုံးဝပြိုင်ဘက်ကင်းအောင်ကိုချောမောနေခဲ့တာမဟုတ်လား။

ကောင်မလေးရဲ့နောက်မှနေ၍ အသံလဲမပေးရဲ ရှေ့သို့လဲထွက်မတွေ့ရဲသည်မို့ ကွန့်မြူးပန်းပင်လေးတွေကွယ်၍ တိတ်တိတ်လေးသာထိုင်နေလိုက်တော့သည်။ ကောင်မလေးစိတ်ဆိုးနေလဲ ဘယ်သွားသွားနောက်ကလိုက်နေမှာဖြစ်တော့သည်။ အခုကညကြီးဖြစ်နေပြီမလား အခန်းပြန်မအိပ်ပဲတစ်ယောက်ထဲ ပန်းခြံကြီးထဲလာထိုင်နေသည့်ကောင်မလေးကို ကိုယ်စိတ်မချပါဘူးကောင်မလေးရယ်။

ကောင်မလေးကို ကိုယ်နဲ့အဝေးကြီးမှာထားလို့မဖြစ်သည်က ကောင်မလေးကအောက်ဆီဂျင်လေးဖြစ်နေသည်ကြောင့်ပင်။
ကိုယ်အသက်ရှင်ဖို့ဆို ကောင်မလေးအနားမှာရှိနေမှရမှာပါကွာ။
မနေ့ညကအဖြစ်က ကိုယ်ကလွန်သွားမှန်းလဲသိပါပြီကွာ။ နောက်ဆိုခွင့်ပြုမိန့်ကျမှနမ်းပါတော့မယ်ကောင်မလေးရယ်။

ကွန့်မြူးကိုကျောပေးထားကာ ခုံလေးပေါ်မှီ၍ထိုင်နေသည့်ကောင်မလေးကို ကွန့်မြူးမီးရောင်တွေအောက်ငေးကြည့်၍ သဘောတွေကျနေမိတော့သည်။ တစ်ခစ်ခစ်နှင့်ရယ်နေလိုက် စကားလေးပြောလိုက်နှင့်တစ်ယောက်ထဲခြေထောက်လေးတွေပါဆော့၍ ထိုင်နေပုံလေးကခလေးငယ်လေးတစ်ယောက်လိုပင်ဖြစ်တော့သည်။ ကောင်မလေးရယ် ဒီအတိုင်းမျက်နှာလေးတည်နေတာတောင်ကိုယ့်မှာချစ်မဝဖြစ်နေပါတယ်ဆိုမှ ခလေးလေးလိုရယ်နေတာလေးများ ကိုယ်သေချာမြင်လိုက်ရလျှင်တော့ နေရာမှာတင်မေ့လဲသွားလောက်မလားကွာ။

True Love 💭 (Completed)Where stories live. Discover now