Part 💭 33 (U&Z)

11.3K 272 2
                                    

True love 💭❤ အပိုင် - ၃၃
(Unicode)

အဖြေပေးတုန်းကပေးပြီးအနမ်းလဲခံပြီးမှ ရွှေကူအကိုလေးကိုမတွေ့ရဲ၍ ပတ်ပြေးပုန်းနေမိတော့သည်။ အကိုလေးကဆိုဖာပေါ်ထိုင်နေလျှင် ရွှေကူခြံထဲဆင်းနေသလို အကိုလေးကခြံထဲဆင်းလာပြန်လျှင်လဲရွှေကူလှည့်ပတ်၍ အိမ်ထဲဝင်ပုန်းနေမိတော့ပြန်သည်။ ယခုတော့တစ်ကျော့ပြန်၍ရွှေကူခြံထဲရောက်နေပြန်ပြီဖြစ်တော့သည်။ ထင်လိုက်သည်က ​ညနေတောင်စောင်းနေပြီလို့လေ ဘယ်ဟုတ်မလဲမိုးအုံ့နေသည်​ကြောင့်မို့ ရွှေကူအမြင်မှားသွားရခြင်းပင်။ ယခုမှ ၅ နာရီစွန်းစွန်းလေးသာဖြစ်သည်မို့ဇွန်ပန်လေးတွေလဲပွင့်နေပြီဖြစ်သည်။

နေ့လည်ကမိုးလေးရွာထားသည်ကြောင့် မြက်ခင်းပြင်လေးဟာစိုစွတ်၍အေးမြနေသည်ကို ရွှေကူဖိနပ်စီးထားသည်တောင် အေးမြခြင်းကိုခံစားမိပါတော့သည်။ အဖျားကျသွားပြီဖြစ်သော်လည်း ရွှေကူ့စိတ်တွေမလန်းဆန်းသည်က ထိုအေးမြခြင်းလေးနှင့်တွေ့မှ နေသာထိုင်သာရှိသွားရတော့သည်။

ဂါဝန်အဖြူရောင်လေးနှင့်မှိုလုံးလေးအလားဖြစ်နေသည့်ကောင်မလေးက ပန်းလေးတွေကိုခူးနေလေတော့သည်။ ကျောပြင်သေးသေးလေးကိုကြည့်လိုက် ခြေသလုံးသေးသေးလေးကိုကြည့်လိုက်နှင့် ကွန့်မြူးခါးထောက်ကာကောင်မလေးကိုနောက်မှကြည့်နေရင်မှ အနားသို့သွားလိုက်တော့သည်။

"ဟေ့"

"အမလေး.."

ကိုယ်လေးကတုန်သွားလေကာ လန့်သွားသည့်ကောင်မလေးကိုကွန့်မြူးကျောလေးပုတ်ပေးလိုက်တော့သည်။

"ကောင်မလေးကလဲ ကိုယ့်ရည်းစားကိုတွေ့တာဘာဖြစ်လို့လန့်သွားရတာလဲကွာ"

"အကိုလေးကအသံမပေးပဲလာတာကိုလန့်တာပေါ့လို့"

ရွှေကူအကိုလေးနှင့်နည်းနည်းခွာကာရပ်နေလိုက်တော့ အနားကိုအတင်းတိုးလာသည့်အကိုလေးဆီက မွှေးပျံ့နေလေတော့သည်။ အတင်းလိုက်ကပ်နေတာများ ရွှေကူအကိုလေးရဲ့ပခုံးတွေကိုထိမိနေသည်အထိပင် တိုးကပ်နေလေတော့သည်။

ရည်းစားဖြစ်ခါစမို့လားတော့မသိ ရွှေကူအကိုလေးကိုမြင်မိလျှင်ရင်တွေ တလျှပ်လျှပ်နှင့်ဖြစ်နေရသလို နီးနေလျှင်​ပို၍ ရင်တွေခုန်မိနေတော့သည်။ အခုပဲကြည့် အကိုလေးလက်မောင်းလေနှင့်ထိနေမိသည်ကိုတောင် ရွှေကူ့စိတ်ထဲတွင်မနေတတ်မထိုင်တတ်နှင့် ကြည်နူးသလိုလေးခံစားမိတော့သည်။ ရှက်တာလေးလဲနဲနဲပါတာပေါ့လေ စိတ်ထဲယွစိယွစိနှင့် ရွှေကူ့နှလုံးသားလေးတွင်အကောင်လေးများတတ်နေရသည်ကိုတော့ အကိုလေးသိပုံမပေါ်ပေ။

True Love 💭 (Completed)Where stories live. Discover now