ကိုဥဿာတို့ ကိုခွန်းတို့က ဝိုင်း၍စကြသည့်အခါ ရှက်ရှက်နှင့်လည်ပင်းကြီးပွတ်နေမိသည်။ မင်္ဂလာတောင်မဦးရသေးဘူး သူတို့က ကလေးမွေးရင် ဘာလေးမွေးဆိုပြီးပြောနေကြတာမဟုတ်လား။ အာပူကြူးလေးကိုတောင်ချစ်လို့မဝသေးဘူး ကလေးကမွေးစရာလားဗျာ။ လေးငါးနှစ်လောက်အာပူကြူးကိုပဲ အားရပါးရချစ်ပြီးမှ ကလေးလေးယူဖို့စဉ်းစားမှာမလို့ အခုတော့စောသေးပါတယ်အကိုတို့ရာ။
"ရွှေကူလေးကံကောင်းပါတယ် မမတော့ပျော်တယ်သိလား"
ရွှေကူပြုံး၍ မမဖြူငယ်၏စကားတွေကိုနားထောင်မိ၏။
"ကိုကွန့်မြူး "
"ပြောစေဗျာ"
"ရွှေကူ့အပေါ်ကောင်းပေးနော် အနိုင်မကျင့်နဲ့ "
"စိတ်ချပါလွန်းငယ်ရာ"
"ရွှေကူကိုနှိပ်ဆက်ရင်လွန်းငယ်ဆီလာနေနော် လွန်းငယ်ကအမြဲကြိုဆိုပြီးသား ရွှေကူရဲ့"
ခလေးကတော့လေ ပူပူနွေးနွေးကြင်စဦးလေးကြား သွားပြီးတော့ကွာ။ သို့ပေမယ့်လဲ ခလေး၏စကားကို မည်သူမှအပြစ်မမြင် ရယ်၍သာ သဘောတွေကျနေကြတော့သည်။ ထိုထဲတွင်တော့ ဥဿာကထိပ်ဆုံးကပေါ့ဗျာ။
"အာပူကြူး"
"ရှင့်"
"ပျော်လား"
"ပျော်တာပေါ့"
ရွှေကူ့လက်ကိုကိုင်၍ ပြောနေခြင်းဖြစ်သလို ရွှေကူ့မျက်လုံးတွေကိုစိုက်ကြည့်၍လဲဖြစ်၏။
"ကိုကိုရော အရမ်းပျော်တာပဲကွာ "
ရွှေကူပြုံးနေမိသည်မှာလဲ ပြန်၍ထိုင်နေကြသည့်အချိန်ထဲကဖြစ်သည်။
"ကိုကို့ရဲ့အပျော်ဆုံးအချိန်တွေကလေ လေးကြိမ်ရှိပြီသိလားကွ"
"ဟွန်.."
သိပ်လှသည့် မျက်ဝန်းလေးက လဲ့ခနဲဖြစ်သွားသည့်အခါ ရင်တောင်တုန်သွားရသည်။
"ပထမတစ်ကြိမ်က အာပူကြူးကို ကိုကိုချစ်မှန်းသိတဲ့အချိန်"
"ဒုတိယအချိန်က အာပူကြူးဆီကအဖြေရတဲ့အချိန်"
"တတိယအချိန်က ကိုကိုလက်ထပ်ခွင့်တောင်းတာကိုလက်ခံလိုက်တဲ့အချိန် "
The End (U)
Start from the beginning