ရွှေကူကိုဒေါ်လေးချုပ်ပေးထားသည့်အင်္ကျီလေးတွေထဲမှ မိုးပြာရောင်ချိတ်လေးနှင့် ပိုးအင်ကျီလေးကို ရွှေကူထုတ်၍ဝတ်ကြည့်လိုက်သည်။ ရွှေကူနှင့်အတော်လေးလိုက်သည်မို့ ရွှေကူထိုအင်္ကျီလေးကိုဝတ်ရန်ဆုံးဖြတ်လိုက်သည်။

"မေမေ့သမီးလေးကသိပ်လှတော့မေမေနှ​မြောနေတယ်သမီးရယ် "

ဘေးမှမေမေ့ကိုရွှေကူပြုံး၍သာကြည့်နေမိသည်။ မေမေက ရွှေကူ့ကိုဆံပင်ပြင်ပေးနေတာဖြစ်ပြီး မိတ်ကပ်ပါလိမ်းပေးထားသည်မို့ ရွှေကူပျော်ရသေးသည်။

"သမီးလေးပျော်ဖို့ပဲ မေမေကခွင့်ပြုရမှာပေါ့"

"သမီးကိုစိတ်ချနော်မေမေ အကိုလေးကသမီးကိုချစ်ပါတယ် "

"အဲ့တူလေးက မေမေ့သမီးကိုအရိပ်တကြည့်ကြည့်နဲ့ချစ်မှန်းလဲမေမေသိတယ် ဒါပေမယ့်သူကအရင်ကပွေရှုပ်ခဲ့တော့မေမေကဘဝင်မကျဘူးသမီးရဲ့"

"အရင်ကပဲပွေခဲ့တာမေမေရဲ့ အခုဆိုလိမ္မာနေပြီ"

"ခွေးမှီးကောက်ကျည်တောက်စွပ်တဲ့သမီး"

"မေမေသိလား သမီးကအရက်နံ့လဲမခံနိုင်ဘူး ဆေးလိပ်မီးဆိုမြင်တာနဲ့ကြောက်တတ်တာ အဲ့တာကိုအကိုလေးသိတော့ ဆေးလိပ်လဲဖြတ် အရက်လဲတန်းဖြတ်ခဲ့တာမေမေရဲ့ "

မြိုင်တစ်ယောက်သမီး၏စကားကို ငြိမ်၍သာနားထောင်လိုက်၏။ သမီးလေးကလဲ အဲ့ကောင်လေးကိုအတော်ချစ်တာပါလားကွယ်။

"သမီးအရင်ကမိဘမရှိတဲ့ ဆင်းရဲတဲ့အလုပ်သမားသပ်သပ်ပဲမေမေရဲ့ အဲ့တာတောင်သမီးကိုချစ်ခဲ့တာလေ အကိုလေးက သမီးမှာဘာမှမရှိလဲသမီးကိုချစ်မယ့်လူမျိုး"

"သမီးကအတွေးလွန်တတ်တယ် အကိုလေးမိန်းမရှုပ်မှန်းသိတော့လဲ သမီးအကိုလေးကိုရှောင်ဖို့ရွာထိပြန်သွားသေးတာ ဒါမယ့်အကိုလေးက သမီးနောက်လိုက်လာတယ်လေ ရွှာမှာလဲလိုက်နေခဲ့တယ် သမီးကိုလဲတောင်းပန်တယ် ဂတိတွေလဲပေးခဲ့တယ် အဲ့ဂတိတွေက အကိုလေးမပေးလဲ အရင်ထဲကအကိုလေးကစောင့်ထိန်းခဲ့တာမေမေရဲ့"

ရွှေကူ့ကိုတွေ့သည့်အချိန်ထဲက အကိုလေးဆင်ခြင်ခဲ့တာဆိုတော့ အကိုလေးဂတိတွေက အဲ့ထဲကတည်နေခဲ့တာအကိုလေးရယ်။

True Love 💭 (Completed)Where stories live. Discover now