စစ်သည်ငယ်လေးတစ်ယောက်က တကယ်ယုံကြည်သွားပြီး ပြန်ပြောလာသည်။ "အော် အဲ့လိုလား၊ စစ်သူကြီးက သူ(မ)ကို အိမ်နောက်ဖေးခြံဝင်းထဲကို ပစ်ချလိုက်တာ မဆန်းတော့ပါဘူး"

စစ်သည်ငယ်လေးက ထိုသို့ ပြောပြီးသည်နှင့် လူတစ်စုက ချက်ချင်း ရယ်မောလိုက်ကြသည်။ စစ်သည်ကြီးက "စစ်သူကြီးက အမြဲတမ်း ဇနီးမယား မယူချင်ဘူးလို့ ဧကရာဇ်မင်းက မြင်နေတာကြောင့် ဖြစ်နိုင်တယ်၊ ဒါကြောင့် စစ်သူကြီးကို လှုံ့ဆော်ဖို့ ဝဖြိုးတဲ့သူကို ပို့ပြီး နှိုးဆွပေးတာ ဖြစ်နိုင်တယ်"

ဒါပေမယ့် ဒီတစ်ခါတော့ သူ့ပတ်ဝန်းကျင်က လူအနည်းငယ်က မရယ်ကြတော့ပဲ ကြောက်လန့်တကြား အမူအရာတွေနဲ့ သူ့နောက်ကို စိုက်ကြည့်နေကြတာကို တွေ့လိုက်ရသည်။

စစ်သည်ဟောင်းကြီးက သူ့စိတ်ထဲမှာ အေးစက်သွားသလို ခံစားလိုက်ရသည်။

"အားလုံး ထရပ်" အော်ဟစ်သံတစ်ခုထွက်ပေါ်လာပြီး သစ်ပင်ရိပ်အောက်တွင် အရိပ်ခိုနေသော လူဒါဇင်ပေါင်းများစွာက လျင်မြန်စွာ ထရပ်လိုက်ပြီး မလှုပ်ရဲတော့ဘဲ မတ်မတ်ရပ်နေလိုက်ကြသည်။

စုယွိ၏ အေးစက်သော မျက်လုံးများက လူပေါင်းများစွာ၏ ကြောက်ရွံနေသော မျက်နှာများကို တစ်ချက်စီ ဖြတ်သန်း ကြည့်ရှုသွားပြီး နောက်ဆုံးတွင် စကားလုံးများကို အေးစက်စွာ ဟစ်အော်လိုက်သည်။ "အားလုံး နေရောင်အောက်မှာ တစ်နာရီစာ မြင်းထိုင် ထိုင်မယ်!" (မြင်းထိုင် -သိုင်းလေ့ကျင့်ရင် ထိုင်တဲ့ပုံစံပါ၊ ဒူးတစ်ဝက်ကွေးထိုင်အနေအထားနဲ့ လက်သီးဆုပ် တံတောင်ကိုကွေးပြီး လက်ဆန့်ထားတဲ့ပုံပါ)

"ဟုတ်ကဲ့" တဖွဲ့လုံးက တောက်လောင်နေသော နေရောင်အောက်မှာ တညီတညွတ်တည်း မြင်းထိုင် ထိုင်ချလိုက်ကြပြီး သူတို့၏နှလုံးသားများထဲတွင် ငိုကြွေးနေကြသော်လည်း မျက်နှာတွင် ဘာအမူအရာကိုမှ မပြဝံ့ပေ။ ဘာဖြစ်နေမှန်းမသိတဲ့ တခြားစစ်သားတွေက တောက်ပတဲ့နေရောင်အောက်မှာ လှည့်ပတ်သွားလာရင်း သူတို့ကို ထူးထူးခြားခြား ကြည့်နေချိန်မှာ လက်ထောက်စစ်သူကြီးက မည်းမှောင်နေတဲ့မျက်နှာနဲ့ အိမ်နောက်ဖေးခြံဝင်းကို လှမ်းကြည့်နေသည်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now