သူမ ခြေထောက်တင်ပြီး ရပ်နိုင်တဲ့ တစ်ခုတည်းသောအရာက အဲဒီသစ်သားကုလားထိုင်တွေပဲ၊ ဒါပေမယ့် ကုလားထိုင်နဲ့ဓားကြားက အကွာအဝေးက အနည်းဆုံး ခုနစ်မီတာ (သို့မဟုတ်) ရှစ်မီတာလောက် ရှိနေသည်။ သူမက ကြိုးနဲ့ချည်ခံထားရလို့ ရွေ့ဖို့တောင်ခက်ခဲနေတာကြောင့် ဒီလောက်လေးလံတဲ့ သစ်သားကုလားထိုင်ကို ဘယ်လို ရွှေ့ရမလဲ?

အဝါဖျော့ဖျော့ဖယောင်းတိုင်မီးများ လင်းထိန်နေသော ကြီးမားသောအခန်းအတွင်းတွင် ကုယွင်၏ ချည်နှောင်ခံထားရသော ပါးလွှာသော ခန္ဒာကိုယ်လေးက အခန်းအလယ်ဗဟိုတွင် တည့်တည့်မတ်မတ် ရပ်နေခဲ့သည်။ သူမ၏တည်ငြိမ်သော မျက်နှာတွင် သူရဲဘောကြောင်မှုနှင့် ဝေဒနာများ ထင်ဟပ်နေခြင်း မရှိပေ။ ကုယွင်က အခန်းလွတ်တစ်ဝိုက်ကို လှည့်ပတ်ကြည့်ရှုပြီးနောက် သူမတွင် ရွေးချယ်စရာနည်းလမ်း မရှိတော့ကြောင်း ကောက်ချက်ချပြီးနောက် သစ်သားကုလားထိုင်ဆီသို့ ခြေလှမ်းစိပ်စိပ်နဲ့ ဖြည်းဖြည်းချင်း လှမ်းလာခဲ့သည်။ အခြေအနေများကို ဆန်းစစ်ခြင်း၊ အားသာချက်များနှင့် အားနည်းချက်များကို ချိန်ဆခြင်း၊ တိကျသောပန်းတိုင်တစ်ခုချမှတ်ခြင်း၊ ချက်ခြင်းအရေးယူဆောင်ရွက်ခြင်း... ဤအရာများက အရေးကိစ္စများကို ကုယွင် ကိုင်တွယ်ဖြေရှင်းလေ့ရှိသော နည်းလမ်းများပင် ဖြစ်သည်။ 'အခြေအနေတွေ ပိုခက်လေလေ သူမက ပိုရဲရင့်လာလေလေ ပါတဲ့' အဲ့တာက SWATအဖွဲ့ရဲ့ ကပ္ပတိန်က သူမအကြောင်းပြောသွားတဲ့ စကားစုပါပဲ၊ သူမကိုယ်တိုင်ကလည်း ဘယ်အရာကိုမှ တစ်ခါမှ လက်မလျှော့ခဲ့ပါဘူး၊ ဒီတခါလည်း အတူတူပါပဲ။

ကုယွင်က သစ်သားကုလားထိုင်ဘေးမှာ ရပ်လိုက်ပြီး ဖြည်းညှင်းစွာ ငုတ်တုတ်ထိုင်ချလိုက်ပြီး မြေပြင်ပေါ် ပြန်ထိုင်လိုက်သည်။ သူမခြေထောက်ကို ကွေးလိုက်ပြီးမှ အားထည့်ဆန့်ထုတ်ကာ ထောင်ထားသော သစ်သားကုလားထိုင်ရဲ့ထောင့်ကို လှမ်းကန်ထုတ်လိုက်သည်။ ကုလားထိုင်က သူမ ထင်ထားတာထက် အများကြီး ပိုလေးလံနေခဲ့ပြီး သူမ အကောင်းဆုံးကြိုးစားခဲ့ပေမယ့် ကုလားထိုင်က ၁၀စင်တိမီတာ ကျော်ကျော်လောက်သာ ရွေ့လျားသွားခဲ့သည်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now