ကုယွင်က မျက်မှောင်ကြုတ်လိုက်သည်။ ဒီကမ္ဘာမြေပေါ်မှာ ဘာတွေဖြစ်နေတာလဲ? သူမရဲ့ အင်အားတွေ ပျောက်ကွယ်သွားအောင် သူတို့ ဘာတွေ လုပ်ခဲ့ကြတာလဲ?

ဒါပေမယ့် ကုယွင်က ခေါင်းမာပြီး အရှုံးပေးဖို့ ဆန္ဒမရှိပါဘူး။ သူမက ရှုံးနိမ့်မှုကို လျစ်လျူရှုလိုက်ပြီး ရုတ်တရက် အကြံတစ်ခုရလာကာ ကုတင်၏အစွန်းဆီသို့ ပိုးကောင်တစ်ကောင်လို တွန့်လိမ်ကာ လူးလွန့်ရွေ့လျားလာခဲ့သည်။ ကုတင်အစွန်းကို ရောက်တော့ ပထမဆုံး တင်းကြပ်စွာ ချည်နှောင်ခံထားရသော ခြေထောက်များကို ဦးစွာ ဆန့်ထုတ်လိုက်ပြီး တင်ပါးများကို ဆန့်ထုတ်လိုက်သည်။ ကံမကောင်းစွာဖြင့်၊ လှုပ်ရှားမှုကို ကောင်းကောင်းမထိန်းနိုင်ဘဲ ကြမ်းပြင်ပေါ်သို့ ထိုင်လျက် ပြုတ်ကျသွားသည်။

အီးစ်စ်.... ကုယွင်က ချမ်းအေးတဲ့လေကို ရှုရှိုက်ရင်း အေးစက်တဲ့မြေပြင်မှာ ကူကယ်ရာမဲ့ ထိုင်နေပြီး ရယ်ရမလား ငိုရမလားတောင် မသိတော့ပေ။ ကုယွင်က ရှက်ရွံ့လွန်းလို့ အသက်ဝဝမရှုနိုင်လောက်အောင် ဖြစ်သွားခဲ့သည်။

ငါက အိပ်ရာပေါ်က ပြုတ်ကျရလောက်တဲ့ အခြေအနေကို တကယ်ကြီး ရောက်သွားတာလား?

ခဏလောက် အနားယူပြီးနောက်၊ ကုယွင်က ဖြည်းညှင်းစွာ မတ်တတ်ထရပ်လိုက်သည်။ သူမခြေဖဝါးနဲ့ ကြမ်းပြင်ပေါ်ရပ်လိုက်ရတာကြောင့် အရမ်းကောင်းတယ်လို့ ခံစားလိုက်ရပေမယ့် မတ်တပ်ရပ်လိုက်ပြီးနောက်မှာ ကုယွင်ရဲ့ နှလုံးသားက ထပ်မံတုန်လှုပ်သွားရပြန်သည်။ မဟုတ်သေးဘူး၊ သူမအရပ်က အရင်ထပ် ပိုပုနေပုံ ရတယ်။ ခြေကျင်းဝတ်အထိရှည်နေသော ဆံပင်များက သူမကို ပိုပြီး အံ့အားသင့်သွားစေခဲ့သည်။ သူမ ဆံပင်တိုနဲ့နေလာတာ ဆယ်နှစ်ကျော်ပြီလေ။ ဒီဆံပင်က ဘယ်ကနေ ဘယ်လို ရှည်လာတာလဲ????

အရာအားလုံးက အရမ်းထူးဆန်းလွန်းနေတယ်!

ကုယွင်က အသက်ကို ပြင်းပြင်းရှူထုတ်ရင်း သူမ၏ စိတ်ထဲမှ သံသယများကို ခေတ္တ မျိုသိပ်ထားလိုက်သည်။ သူမ၏ လက်ရှိ ပန်းတိုင်က ကြိုးကို အရင်ဖြေရန် ဖြစ်သင့်သည်။ မြင့်မားစွာ ချိတ်ဆွဲထားသော ဓားရှည်ကြီးကို တစ်ချက်ကြည့်လိုက်ပြီး ကုယွင်က မျက်မှောင်ကို ကြုတ်ပြီးရင်း ကြုတ်လိုက်မိပြန်သည်။ သူမ၏လက်များက နောက်ကျောတွင် ချည်နှောင်ခံထားရသည်။ သူမ၏အရပ်က မရှည်သဖြင့် သူမလက်မြောက်ရင်တောင် ဓား၏အစွန်းကိုပင် မထိနိုင်ပေ။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များΌπου ζουν οι ιστορίες. Ανακάλυψε τώρα