Chapter 1.3

Mulai dari awal
                                    

ဒီခန္ဓာကိုယ်ရဲ့ အထောက်အထားကို အတည်ပြုဖို့အတွက် ကုယွင်က တမင်တကာ ပြန်ပြောလိုက်သည်။

"ငါက သူ့မိန်းမပါ၊ ဘာလို့ သူ့အခန်းထဲမှာ မနေနိုင်ရတာလဲ"

"မိန်းမ?!" သေချာတာပေါ့ ပိုငယ်တဲ့ စစ်သည်က ချက်ချင်း ရယ်မောလာပြီး "မင်းရဲ့ လွန်လွန်ကဲကဲ တွက်ဆနေတာပဲ၊ မင်းကို လက်ဆောင်တစ်ခုအနေနဲ့ပဲ အများဆုံး မှတ်ယူနိုင်မယ်"

လက်ဆောင်လား? ကုယွင်က သူမစိတ်ထဲမှ သံသယတွေကို ဖျောက်လိုက်ပြီး "ငါက လက်ဆောင်မဟုတ်ဘူး၊ ငါက စစ်သူကြီးရဲ့ ဇနီးပါ"

"ဟားဟားဟာ မင်းက ရယ်စရာ ပြောတက်တာပဲ! ယောင်ယွဲ့တိုင်းပြည်က မင်းတို့ ချင်းမိသားစုရဲ့ ညီအစ်မ သုံးယောက်ကို ငါတို့ ချုံယွဲ့ဧကရာဇ်ကို ဆက်သခဲ့ပြီး ဧကရာဇ်က မင်းကို စစ်သူကြီးဆီ ပေးခဲ့တယ်၊ စစ်သူကြီးက မင်းကို စိတ်တိုင်းမကျရင် တခြားတစ်ယောက်ဆီကို ပေးလိမ့်မယ်။ အဲ့တာမှ လက်ဆောင် မဟုတ်ရင် မင်းကဘာလဲ!"

သေစမ်း! ကုယွင်က သူမလက်သီးများကို ဆုပ်ထားရုံသာ တတ်နိုင်တော့သည်။ ဧကရာဇ်မင်း၊ စစ်သူကြီးများ၊ အမျိုးအမည်မသိသော တိုင်းပြည်များနှင့် နေရာဒေသများ၊ ဤမလောက်လေး မလောက်စား ခန္ဓာကိုယ်..... အရာအားလုံးက ခွဲခြမ်းစိတ်ဖြာစရာ မလိုတော့ဘဲ ရှင်းရှင်းလင်းလင်း ဖြစ်လာခဲ့သည်။ သူမက အမည်မသိအချိန်နှင့် အမည်မသိနေရာတစ်ခုသို့ ရောက်ရှိလာခဲ့သည်၊ ဤနေရာတွင် ဧကရာဇ်ခေတ်ဖြစ်နေဆဲဖြစ်ပြီး သူမ၏ လက်ရှိကိုယ်ခန္ဓာ၏ အထောက်အထားမှာ နိုင်ငံငယ်လေးမှ နိုင်ငံကြီးဆီသို့ ဆက်သသော လက်ဆောင်တစ်ခုဖြစ်နေသည်။

ဒါဆို ချင်းချင်းရော? ချင်းချင်း ဘယ်မှာလဲ? သူမလို တခြားသူရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်နိုင်ပါ့မလား?

ကုယွင်က လှောင်ပြောင်ရယ်မောနေတဲ့ စစ်သည်ကို ကြည့်လိုက်ပြီး "ငါ့ညီအစ်မတွေကို နန်းတော်ဆီ ပို့လိုက်ပြီလား?"

"သူတို့..." စစ်သားအငယ်က ပြောဖို့ ပြင်လိုက်ပေမယ့် သူ့ဘေးက အသက်ပိုကြီးပုံရတဲ့ တစ်ယောက်က ဝင်ပြောလာသည်။ "သူ(မ)နဲ့ မိုက်မဲတဲ့စကားတွေ ပြောနေတာကို ရပ်လိုက်တော့"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များTempat cerita menjadi hidup. Temukan sekarang