အပိုင်း (၈၁) ငွေတစ်ခုသာ မျက်လုံးထဲမှာမြင်တယ်

Start from the beginning
                                    

" ဒါ...."

အခြေအနေ မကောင်းမှန်းသိလိုက်ရသဖြင့် ဌာနမှူးက ဆက်ပြီးတွယ်ကပ်ချင်နေသေးသည့် ကျောင်းအုပ်ကြီးကို ဆွဲလိုက်ပြီး လေသံနိမ့်ကာ ပြောလိုက်လေသည်။

" ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့တွေ ရှန်ယွဲ့ရဲ့မိဘတွေကို နားချပြီးပြီ၊ ကျွန်တော်တို့ နောက်တစ်ကြိမ် ထပ်လာကြတောပေါ့"

ထိုအခါကျမှ ကျောင်းအုပ်ကြီးက ရပ်သွားတော့သည်။ သူ၏ ပြုတ်လုဆဲဆဲ ကျောင်းအုပ်ရာထူးကို တွေးလိုက်မိပြီး သူသည် နောက်ပြန်ဆုတ်တော့မည့် ခြေထောက်ကို ပြန်သိမ်းလိုက်ပြီး

" ရှန်ယွဲ့ ဆရာတို့က မင်းကို သုံးနှစ်နီးပါး စာသင်ပေးခဲ့တာလေ၊ သူတို့ ဘာကျေးဇူးမှမရရင်တောင် သူတို့တွေ အများကြီးကြိုးစားခဲ့ကြပါတယ်...."

" ဆရာကြီးက သမီးကို ဟန်လင်းကို ဖိတ်ခိုင်းပြီး ကိုယ်တိုင်လာ ခေါ်ထုတ်သွားစေချင်တာလား" ရှန်ယွဲ့က အေးစက်စက်လှမ်းကြည့်လိုက်တော့သည်။

ထင်ထားသည့်အတိုင်းပင် သူမထိုသို့ပြောလိုက်သည်နှင့် ကျောင်းအုပ်ကြီးက တခြားလူများက သူကို နားချစရာမလိုပဲ မြန်မြန်ထွက်သွားတော့သည်။ သူသည် ကြောင်ကို တွေ့လိုက်သည့် ကြွက်တစ်ကောင်လို သူ့ချွေးများကို သုတ်လိုက်ကာ ပြောလိုက်၏။

" ကောင်းပါပြီ ကောင်းပါပြီ ကောင်းပါပြီ ဆရာတို့ အရင်ပြန်လိုက်ပါ့မယ်၊ ဒီလက်ဆောင်တွေ ဆရာတွေက ပေးတာပါ၊ သမီး ဒါကိုတော့ လက်ခံပေးမှရမယ်"

" အားလုံးကို ပြန်ယူသွား၊ တစ်ခုမှ မချန်ခဲ့နဲ့" ရှန်ယွဲ့က အေးတိအေးစက် ပြောလိုက်လေသည်။

ဘေးတွင် ရပ်နေသည့် ရှန်မိသားစုတစ်ချို့သည် ရှန်ယွဲ့၏ တစ်ဆက်တည်းလုပ်ရပ်များကြောင်း ကြောင်အ,သွားကြတော့သည်။ အထူးသဖြင့် ဆွန်းလင်သည် ကျောင်းအုပ်ကြီးက ရှန်ယွဲ့ကို တောင်းပန်နေချိန်၌ မယုံကြည်နိုင်သဖြင့် သူမ၏မျက်လုံးများ အကြိမ်ကြိမ်ပွတ်ကာ ကျောင်းအုပ်ကြီးကို ကြည့်ရင်း ဆွန့်အသွားတော့သည်။ သူမသည် အမြင်များမှားနေသလားဟု သံသယဝင်မိလေသည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now