အပိုင်း (၇၈) ရှန်ယွဲ့မှာ ချစ်သူအသစ်ရှိတယ်တဲ့

Start from the beginning
                                    

" တကယ်တော့လေ ငါတို့တွေ ဒီနေ့ဆရာတွေနောက် လိုက်သွားတုန်းက လူတွေအများကြီး ကျောင်းအုပ်ကြီးရုံးခန်းထဲ အလာတကြီးပြေးဝင်သွားတာ တွေ့ခဲ့တယ်"

" ဘာလဲ၊ နင် အဲဒီလူတွေကို သိလို့လား"

ငါ သူတို့ကို မသိပါဘူး၊ ဒါပေမယ့် သူတို့အားလုံးက ခေါင်းဆောင်တွေလို့တော့ ခံစားမိတယ် ဟုတ်တယ်နော်၊ ငါလည်း ကျောင်းအုပ်ကြီးက ခေါင်းတညိတ်ညိတ်နဲ့ အဲဒီလူတွေကို စကားပြောနေတာ တွေ့လိုက်တယ်၊ နောက်ကနေလိုက်လာတဲ့ ရဲကားတွေတောင်ပါသေးတယ်"

"ဘုရားရေ ရှန်ယွဲ့က တကယ်ပဲ ဧရာမဆူပူမှုကြီးတစ်ခုကို လုပ်ခဲ့တာလား၊ အံ့ဩစရာကောင်းလိုက်တာ"

" စကားမစပ် ငါတို့တွေ အပြင်ဘက်ကို ကြည့်ပြီး ရှန်ယွဲ့နဲ့ အကောင်ကြီးကြီးတစ်ကောင် စကားပြောနေတာကို ဓာတ်ပုံရိုက်ခဲ့သေးတဘ်"

"ငါတို့ကို ပြအုံး"

ရှန်ယွဲ့နဲ့ အကောင်ကြီးကြီးပုဂ္ဂိုလ်တစ်ယောက်ရဲ့ ဓာတ်ပုံတဲ့လား။ ယွီဟောက်သည် ထိုအတင်းပြောနေကြသည့် မိန်းကလေးများ၏နောက်တွင် ထိုင်နေ၏။ သူသည် ထိုစကားကို ကြားလိုက်သောအခါ သူ့သိလိုစိတ်က ရုတ်ချည်းမြင့်တက်သွားတော့သည်။ သူအမှတ်မမှားရင် ရှန်ယွဲ့မိသားစုက Eခရိုင် Sမြို့ ဆင်းရဲသားရပ်ကွက်မှာ နေတာပဲ။ သူမမှာ ဒီကိစ္စကို ဖြေရှင်းဖို့ ဘယ်လိုလုပ်ပြီး နာမည်ကြီးပုဂ္ဂိုလ်တွေရနဲ့ အဆက်အသွယ်ရှိမှာလဲ။

ယွီဟောက်သည် ထိုမိန်းကလေးများဆီသွားလိုက်ပြီးနောက် သူတို့ရိုက်ထားသည့် ဓာတ်ပုံကို ကြည့်လိုက်လေသည်။ ဓာတ်ပုံထဲတွင် ရှန်ယွဲ့က မျက်နှာသေဖြစ်နေသော်လည်း သူမဘေးက အရပ်မြင့်မြင့် အိန္ဒြေရရယောက်ျားက ပြုံးနေသည်။ သူသည် ရှန်ယွဲ့ကို လှည့်ကာစကားပြောနေသည့်ပုံက သူမနှင့် အလွန်ရင်းနှီးနေသယောင်။

ဒါက ခေါင်းဆောင်တစ်ယောက်တဲ့လား။ သူကရှန်ယွဲ့ရဲ့ ဟိုလိုလို ဒီလိုလိုပါတနာနဲ့ တကယ်တူတာပဲ။ ယွီဟောက်၏မျက်နှာသည် ညိုမဲသွားတော့သည်။

မိန်းကလေးတစ်ချို့က ထိုအကြောင်းကို စိတ်လှုပ်ရှားကာဖြင့် ဆွေးနွေးနေကြဆဲ။ မိန်းကလေးတစ်ယောက်က အသည်းအသန်းဖြစ်နေဟန်ဖြင့်ပင် ပြောလိုက်သေးသည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now