အပိုင်း (၇၈) ရှန်ယွဲ့မှာ ချစ်သူအသစ်ရှိတယ်တဲ့

Start from the beginning
                                    

" ဒါပေမယ့် သူ့အမှတ်တွေက နင့်ထက်တော့ ပိုကောင်းတယ်လေ၊ ပြီးတော့ သူက နင့်ထက် အများကြီး ပိုသတ္တိရှိတယ်၊ ဒီမနက်တုန်းက ဆရာမတစ်ယောက်က သူ့ကို စာခိုးချတယ်ဆိုပြီး နာမည်ဖျက်ခဲ့တယ်၊ သူက ကျောင်းအုပ်ကြီးရှေ့မှာပဲ ဆရာတွေနဲ့ ငြင်းခုန်ရဲခဲ့တယ်လေ၊ နင် သူ့ကို မသင်္ကာရင် ကျောင်းအုပ်ကြီးကို သွားရှာလိုက်ပေါ့"

ရှန်ယွဲ့အတွက် ပြောပေးခဲ့သည့်ကောင်လေးက ဆက်ပြီး ပြန်ချေပကာ ပြောလိုက်တော့သည်။

" နင် ဘာပေါက်ကရတွေ ပြောနေတာလဲ"

ရှန်ရှင်းသည် တစ်ခန်းလုံးရှေ့တွင် ပထမဆုံးအကြိမ် အရှက်ခွဲခံလိုက်ရခြင်းပင်။ သူမသည် အလွန်ဒေါသ ထွက်လွန်းသဖြင့် မျက်လုံးပင် နီရဲသွားသော်လည်း ပြန်ချေပဖို့ရာ အကြောင်းပြချက်က ရှိမနေပေ။

" တော်ကြတော့၊ စာသင်ခန်းနဲ့ မဆိုင်တာတွေ မပြောနဲ့တော့"

တရုတ်ဘာသာဆရာမက အချိန်ကိုက်ပင် ရှန်ရှင်းကို ဖြတ်ပြောလိုက်၏။ သူမသည် မျက်မှောင်ကျုံ့လိုက်ပြီး ဒေါသထွက်နေသည့် ရှန်ရှင်းကို ကြည့်လိုက်ကာ ပြောလိုက်တော့သည်။

"ရှန်ရှင်း အတန်းပြီး ဆရာမရုံးခန်းကို လာခဲ့"

အတန်းပြီးသွားတော့ ရေဒီယိုမှ အသံထပ်ထွက်လာပြန်သည်။ သည်တစ်ကြိမ်တွင် ငိုသံစွက်နေသည့်အသံနှင့် သတ်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး၏အသံဖြစ်သည်။

" မင်္ဂလာပါ ကျောင်းသား ကျောင်းသူများရှင် ကျွန်မက ရှန်ယွဲ့ရဲ့ သင်္ချာဆရာမ ၊ လီကျွမ်း ပါ၊ ကျွန်မရဲ့ တဖက်သတ်ဆုံးဖြတ်ချက်ကြောင့် ရှန်ယွဲ့က စာခိုးချခဲ့တယ်လို့ သံသယဖြစ်ခဲ့ပြီး ကျွန်မရဲ့အာဏာကို အသုံးချပြီး သူ့ကို အတန်းထဲမှာ အရှက်ခွဲခဲ့မိပါတယ်၊ ဒီကိစ္စပြီးသွားမှ ကျွန်မရဲ့အမှားကို လေးလေးနက်နက် သဘောပေါက်လာခဲ့ပါတယ်၊ ရှန်ယွဲ့က ကျွန်မကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်၊ ကျွန်မ တောင်းပန်ပါတယ်ရှင်"

ရှန်ယွဲ့မှာ ဘယ်လိုအရည်အချင်းတောင်ရှိထားလို့ ကျောင်းအုပ်ကြီးနဲ့ မစ္စလီကို ရှင်းလင်းချက်ပေးခိုင်းပြီး တောင်းပန်းခိုင်းရလောက်အောင် အင်အားရှိနေတာလဲ။ ကျောင်းသား ကျောင်းသူများသည် တဖန် စိတ်လှုပ်ရှားသွားတော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now