အပိုင်း (၇၆) သူကလူပြက်တစ်ယောက်လိုပဲ

Zacznij od początku
                                    

" ယွီဟောက်ကလား"

ရှန်ယွဲ့သည် မျက်မှောင်ကျုံ့လိုက်၏။ ငါလေးက အမြဲတမ်း ယွီဟောက်နဲ့ သဘောထားကွဲနေခဲ့တာလေ။ ယွီဟောက်က ရုတ်တရက်ကြီးဘာလို့ ငါလေးအတွက် ပြောပေးတာတဲ့လဲ။ ဧကန္တ ယွီဟောက်က အသိတရားရသွားပြီး အရင်တုန်းက မူလခန္ဓာကိုယ်ပိုင်ရှင် အနိုင်ကျင့်ခံရတာ သူ့တာဝန်လည်းမကင်းဘူးလို့ ခံစားလိုက်ရလို့ သူ့အမှားတွေကို ပြန်ပြင်ချင်ခဲ့တာလား။

ယွီဟောက်၏ရည်ရွယ်ချက်မှာ မည်သို့ပင်ဖြစ်နေပါစေ ရှန်ယွဲ့သည် ယွီဟောက်ကို အလွန်မှ ရွံရှာမိနေဆဲပင်။ သူမသည် ယွီဟောက်နှင့်တွေ့လျှင် အရိုက်မခံရသည်က ခပ်ရှားရှားပင်။ သူ့ကိုကျေးဇူးတင်ဖို့ရာ မဖြစ်နိုင်ပေ။

သည်အခိုက်တွက် ယွီဟောက်၏အသံက လူအုပ်၏အနောက်မှ ရုတ်တရက်ထွက်လာ၏။

" နင်တို့အားလုံး ဘာလို့ ဒီနားမှာပိတ်နေကြတာလဲ၊ ဆရာတွေအားလုံးနောက်မှာ ရောက်နေပြီ၊ အတန်းစတော့မယ်"

ယွီဟောက်သည် လူကြားထဲမှာ တိုးထွက်လာပြီး ရှန်ယွဲ့၏မျက်လုံးများနှင့် ဆုံသွားတော့သည်။ သူသည် ရှန်ယွဲ့၏မျက်လုံးများနှင့် ဆုံသွားသည့်အခိုက်တန့်တွင် အမှတ်တမဲ့ ပျာယာခတ်သွားလေသည်။

အစောပိုင်းက ရှန်ယွဲ့သည် မစ္စလီနှင့် စားမခိုးချသည့်ကိစ္စနှင့် စကားများခဲ့သည်ကို ကြားလိုက်ရချိန်၌ သူသည် ဝင်မစွပ်ဖက်ချင်ခဲ့ပေ။ သို့သော် တခြားသူများက ရှန်ယွဲ့ကို စာခိုးချပြီး နာမည်ဖျက်နေကြသည်ကို ကြားလိုက်ရပြီးနောက် အကြောင်းတစ်ချို့ကြောင့် အမှတ်တမဲ့ သူမအတွက် ခုခံပေးခဲ့ပြီး စာမေးပွဲအခန်းထဲက အခြေအနေကို သူ့အတန်းဖော်များအား ရှင်းပြလိုက်လေသည်။

သူ ပြောပြီးသွားသည်နှင့် တပြိုက်နက် နောင်တရမိသွားတော့သည်။ ရှန်ယွဲ့က အငြင်းပွားတာကို မနိုင်ခဲ့ဘဲ ဆရာတွေက တကယ်ခိုးချခဲ့တာလို့ ထင်သွားရင် ဘယ်လိုလုပ်မလဲ။ သူ ရှန်ယွဲ့ရဲ့ ကြံရာပါဖြစ်သွားမှာ မဟုတ်ဘူးလား။ တခြားသူတွေက သူနဲ့ရှန်ယွဲ့ရဲ့ ဆက်ဆံရေးကို ဘယ်လိုထင်သွားကြမှာလဲ။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Opowieści tętniące życiem. Odkryj je teraz