အပိုင်း (၇၂) အိုဗာဖြစ်လွန်းတယ်

Start from the beginning
                                    

ဌာနမှူးမှာ မသက်ဆိုင်သည့်လူများက ကျောင်းအုပ်ရုံးခန်းထဲ ဝင်လာသည်ကို တွေ့လိုက်ရသောအခါ ပို၍ပင် ဒေါသထွက်လာလေသည်။ သူသည် ရှန်ယွဲ့ကို အော်ငေါက်လိုက်၏။

" မင်းက ပြဿနာကို ဘယ်လောက်ကြီးအောင်လုပ်ချင်နေတာလဲ၊ ဒါကို အရမ်းပျော်စရာကောင်းတယ်များ ထင်နေလား၊ မင်းအတွက် ဘာကကောင်းတယ်ဆိုတာ သိရင် ဒီနေရာကနေ ချက်ချင်းထွက်သွားလိုက်"

" ဆရာ ကျေးဇူးပြုပြီး ကျွန်တော့်အမှုသည်ကို မအော်ပါနဲ့ ဒီနေရာမှာ ခင်များပြောတဲ့စကားတိုင်းက ကျွန်တော့် အမှုသည်ရဲ့ လုပ်ပိုင်ခွင့်နဲ့ အကျိုးအမြတ်ကို ထိပါးတဲ့အတွက် သက်သေအဖြစ် သုံးနိုင်တယ်ဆိုတာကိုတော့ သိထားရလိမ့်မယ်"

ရှီဖုန်းသည် ချက်ချင်းပင် ဌာနမှူးကို အေးစက်စက် သတိပေးလိုက်လေသည်။ ထိုသို့ပြောလိုက်ရင်း သူသည် သူ့နောက်ကလက်ထောက်ကို ထွက်ဆိုချက်ယူရန် အချက်ပြလိုက်လေသည်။

ရှီဖုန်းသည် အလုပ်မစခင်မှာပင် တံခါးနားတွင် နောက်ထပ်ဆူညံထွက်လာတော့သည်။ ဟန်လင်းသည် အသက်ပင်မရှူနိုင်ဘဲ ဝင်လာပြီး သူ့နောက်တွင် ရဲမှူးချုပ်၊ ရဲအရာအရှိအဖွဲ့နှင့် အတွင်းရေးမှူးတစ်ယာက် ပါလာလေသည်။

သူသည် ရှန်ယွဲ့ကို မြင်လိုက်သည်နှင့်ချက်ချင်း သူမကို ဆံပင်တစ်ချောင်းပင် မထိခိုက်သည်ကို အတည်ပြုလိုက်ပြီးမှ ဟန်လင်း၏လေးလံနေသည့်စိတ်မှာ သက်တောင့်သက်သာဖြစ်သွားတော့သည်။ သူသည် ကျောင်းအုပ်ကြီးဘက်သို့လှည့်ကာ ဝေဖန်အပြစ်တင်လိုက်တော့သည်။

" ခင်များ ဘယ်လိုလုပ်ပြီး ကျောင်းအုပ်ဖြစ်လာတာလဲ"

ကျောင်းအုပ်ကြီးသည့် Sမြို့တော်ဝန် ဟန်လင်း ရောက်လာသည်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် စိုးရိမ်တကြီးဖြစ်သွားတော့သည်။ ရဲမှူးချုပ်ကလည်း လူများကို ခေါ်လာသည်ကို မြင်လိုက်ရာ ကျောင်းအုပ်ကြီး၏ခြေထောက်မျာသည် ချိနဲ့သွားတော့သည်။

"မြို့တော်ဝန် ဟန်၊ ရဲမှူးချုပ်စုန့် ဘာလို့ ဒီကိုရောက်လာတာလဲ"

ထိုသို့ပြောရင်း သူသည် မြန်မြန်လှုပ်ရှားလေသည်။ သူသည် ပျာယာခတ်သွားပြီး လူကြီးမင်းနှစ်ယောက်အတွက် လက်ဖက်ရည်ထည့်ပေးချင်လိုက်သော်လည်း သူ့မျက်လုံးထောင့်မှနေ၍ ဟန်လင်းနှင့် ရဲဌာနမှ ရဲမှူးချုပ်စုန့်တို့က ရှန်ယွဲ့အား ဝိုင်းကာ အဆင်ပြေမပြေမေးနေသည်ကို တွေ့လိုက်ရလေသည်။ သူသည် အလွန်ရှောခ့်ဖြစ်သွားပြီး ချွေးများ အထပ်ထပ် ကျလာတော့သည်။ ဒီရှန်ယွဲ့က တကယ်ပဲ ဘယ်သူများလဲ။ ဖုန်းလေး တစ်ခု နှစ်ခုခေါ်လိုက်တာ လူကြီးမင်းတွေက သူကိုလာရှာကြသတဲ့လား။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now