အပိုင်း (၇၀) တရားရုံးမှာတွေ့မယ်

Start from the beginning
                                    

" ဟယ်လို မင်းက..."

ဖုန်းတစ်ဖက်တွင် ရှီဖုန်းသည် ဇဝေဇဝါဖြင့် ဖုန်းကိုင်လိုက်လေသည်။ ဒါသည် သူ့သီးသန့်ဖုန်းနံပါတ်ပင်။ များသောအားဖြင့် မိသားစုနှင့် သူငယ်ချင်းများအတွက်သာ သုံးသည်။ သူ့အား အလွန်ဇဝေဇဝါဖြစ်သွားစေမည့် သူစိမ်းဖုန်းနံပါတ်က ဝင်လာခဲလေသည်။

သူမမိတ်ဆွေဟောင်းကြီး၏အသံကို ကြားလိုက်သည်တွင် ရှန်ယွဲ့၏စိတ်တို့သည့် ချက်ချင်းအားတက်သွားတော့သည်။ သူမက နှုတ်ခမ်းများကို ကွေးထားလိုက်ပြီး ကြည်လင်သည့်အသံဖြင့် ပြောလိုက်လေသည်။

" ရှီဖုန်း နင်အခုဘယ်မှာလဲငါ့ကို ပြော"

တစ်ဖက်မှ သူစိမ်းအမျိုးသမီးအသံသည် အလွန်တင်စီးပြီး ရှင်းမပြတတ်အောင်ရင်းနှီးနေသောကြောင့်လား မသိပေ တခြားလူများ၏မျက်လုံးထဲတွင် အမြဲလိုလို အထက်စီးဆန်ကာ အဖက်မလုပ်တတ်သည့် ရှီဖုန်းသည် အမှတ်တမဲ့ အမှန်အတိုင်း ပြန်ဖြေလုိက်တော့သည်။

" ငါ Sမြို့ကို အလုပ်ကိစ္စနဲ့ ရောက်နေတယ် ဘာလို့လဲ"

ငါလေးနဲ့ တကယ်ပဲ တစ်မြို့ထဲမှာပဲ။ ဒါက အရမ်းတိုက်ဆိုင်ပြီး အံ့ဩစရာကောင်းသွားပြီ။ ရှန်ယွဲ့၏အပြုံးသည် ပိုမိုလျှို့ဝှက်လာပြီး ညွှန်ကြားလိုက်လေသည်။

" ငါ့ကို တရားစွဲဆိုမှုတစ်ခု ကူပြီးလုပ်ပေး၊ ငါ အခု Sမြို့ရဲ့ပထမတန်းစားအထက်တန်းကျောင်းက ကျောင်းအုပ်ရုံးခန်းမှာ၊ တတ်နိုင်သမျှ မြန်မြန်လာပေး"

အလွန်မှတိတ်ဆိတ်ငြိမ်သက်နေသည့်ကျောင်းအုပ်ရုံးန်းထဲတွင် ရှန်ယွဲ့၏အသံတစ်ခုသာ ပဲ့တင်ထွက်နေလေသည်။ တခြားဆရာများကလည်း ရှန်ယွဲ့ ဘာလုပ်ချင်သည်ကို မသိကြဘဲ အချင်းချင်း အပြန်အလှန်ကြည့်နေကြ၏။ မစ္စလီကတော့ သူမ၏စိတ်တို့သည် ဗြောင်းဆန်သွားပြီး သူမ၏မျက်နှာထားကလည်း အလွန်မှစိတ်ဝင်စားစရာကောင်းသွားတော့သည်။

ဒီအရူးမ ရှန်ယွဲ့ တကယ်ကြီး သူတို့အားလုံးကို တရားရုံးမှာ တရားစွဲချင်နေတာပေါ့လေ။ သူ့ဦးနှောက် ပျက်သွားတာလား။ မစ္စလီက ထိုသို့တွေးလိုက်လေသည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now