277

1.8K 337 36
                                    

Unicode

ခြူးမုယွင်က မျက်ခုံးပင့်ကာ.. : “သုန်သုန်လို့ ထပ်မခေါ်နဲ့..”

လင်းရွှမ်က ပါးစပ်ပိတ်လိုက်ပြီးမှ.. : “ကိုယ်က ပထမဦးဆုံးခေါ်တဲ့လူ မဟုတ်ပါဘူးနော်..”

ခြူးမုယွင် : “အဲတာဆိုလည်း လိုက်မခေါ်နဲ့..”

လင်းရွှမ်သည် လက်ထဲကသေနတ်ကို လွှင့်ပစ်လိုက်ပြီး လက်ရှည်ကြီးဖြင့် ခြူးမုယွင်အား ဆွဲပွေ့ကာ.. : “ခေါ်မှာပဲ.. သုန်သုန်.. သုန်သုန်.. ကိုယ့်ရဲ့ သုန်သုန်လေး..”

တရစပ်ခေါ်ပြီးနောက် ခေါင်းငုံ့ကာ ခြူးမုယွင်၏ နှုတ်ခမ်းပါးများကို သိမ်းပိုက်တော့သည်။

ခြူးမုယွင်က စိတ်မကြည်ဟန်ဖြင့် တွန်းဖယ်လိုက်ပြီး.. : “အဲလောက် ခေါ်ချင်နေရင် ထွက်သွား..”

သူက ထိုသို့ဆက်ဆက်ထိမခံတုံ့ပြန်လေ လင်းရွှမ်က ပိုပြီးတက်ကြွလေပင်။ ခြူးမုယွင်ကို ကောဇောပေါ် တွန်းလှဲလိုက်ကာ ခါးစည်းထားသည့် ရေချိုးပဝါကို ဆွဲဖယ်ပြီး ရူးရူးနှမ်းနှမ်း လျှောက်လုပ်တော့သည်။

ခြူးမုယွင်က ဒေါသတကြီး အော်ဟစ်တော့သည်။ : “မင်းက ခွေးလား..? မလျက်…. မလျက်နဲ့လို့..”

တဖြည်းဖြည်း အသံအနေအထား ပြောင်းလာသည်။

လင်းရွှမ်က သူ၏ သွေးဆောင်ဖျားယောင်းမှုကို အဘယ်သို့ တွန်းလှန်နိုင်မည်နည်း။ အဏုမြူဗုံး၊ နျူကလီးယားရေငုပ်သင်္ဘော၊ လေယာဉ်တင်သင်္ဘော၊ စသည်တို့ကို မေ့လျော့သွားပြီး ဦးနှောက်ထဲမှသွေးအားလုံး ဝမ်းဗိုက်အောက်ပိုင်း ရောက်သွားသလို သူ့အောက်မှ အမျိုးသားကိုသာ လုပ်(Fu*k) ချင်နေတော့သည်။

ဒါပေါ့၊ ခြူးမုယွင်က တမင်တကာ အာရုံလွှဲလိုက်ခြင်းပင်။ ဤကလေးက ဟာသအနေဖြင့် လျှောက်ပြောနေခြင်းမဟုတ်။ သူသာ တကယ်စိတ်ပါလျှင် အဏုမြူဗုံး(နျူကလီးယားဗုံး)တစ်လုံး ဖန်တီးရန် မဖြစ်နိုင်တာမဟုတ်ပေ။ ခြူးမုယွင် ပြန်သွားသည်နှင့် ကမ္ဘာမြေကို ဖောက်ခွဲပစ်ခဲ့သည်ရှိသော်...

တကယ့်ကို ဝမ်းနည်းစရာပါပဲ..!

ယခုလို စိမ်းလန်းစိုပြေပြီး အချိန်နှင့်တပြေးညီ ပြောင်းလဲတိုးတက်နေသည့် ကမ္ဘာမျိုးက အလွန်ရှားပါး၏။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now