256

2.1K 424 23
                                    

Unicode

အလွန်အမင်း ထိတ်လန့်သွားရပြီးနောက် ခြူးမုယွင်၏ ရင်ထဲတွင် မယုံကြည်နိုင်ခြင်းများ ဖြတ်ပြေးသွားလေ၏။

ဤနတ်ဆိုးနယ်မြေတွင် နတ်ဆိုးအရှင်ခုနစ်ပါးလုံး သေဆုံးမည်မဟုတ်ပေ။

ဤကား သူတို့အတွက် သူကိုယ်တိုင်ဖန်တီးအပ်သော ကမ္ဘာကြီး ဖြစ်နေသည်။ သူတို့ခုနစ်ဦးမှ မည်သူသေဆုံးပါစေ၊ ဤကမ္ဘာလောကကြီး လျင်မြန်စွာ ပြိုလဲသွားလိမ့်မည်။ ယခုလောလောဆယ် နတ်ဆိုးနယ်မြေတစ်ခုလုံး သာယာဝပြောနေသည် ဖြစ်ရာ ယဲ့ကျန့်ဟန် သေဆုံးသွားသည့်ကိစ္စက အဘယ်သို့ ဖြစ်နိုင်မည်နည်း။

ရှဲ့ချင်းလန် သူ့ကို လိမ်နေသည်.. ဤကား စိတ်တည်ငြိမ်လာပြီးနောက် ခြူးမုယွင်၏ ပထမဦးဆုံးအတွေး ဖြစ်ပေသည်။

ခြူးမုယွင်က လက်တွဲဖြုတ်ကာ အေးတိအေးစက် ဆိုသည်။ : “သူ ဘယ်လိုလုပ်သေသွားတာလဲ..?”

ရှဲ့ချင်းလန်က ဖြည်းညင်းစွာ ပြောသည်။ : “မင်း ပျောက်သွားတော့ ရန်ချန်း ဒေါသူပုန်ထပြီး ‘အသက်တံခါး’က မတည်ငြိမ်တော့ဘူး.. အဲ့တုန်းကအခြေအနေကို မင်းလည်း သိတာပဲလေ.. ကိုယ်နဲ့ လင်းရွှမ်က ခြေကုန်လက်ပမ်းကျနေပြီ.. ရှန်ရွှိန်ယန်းနဲ့ မော့ကျိုးရှောင်ကလည်း အပြင်းအထန် ဒဏ်ရာရထားတယ်.. ယဲ့ကျန့်ဟန်တစ်ယောက်ပဲ အကောင်းအတိုင်း ကျန်တော့တာဆိုတော့ သူပဲ ရန်ချန်းကို ကယ်တင်ပေးခဲ့တာ.. ဒါပေမဲ့ ‘အသက်တံခါး’ရဲ့ ဝါးမြိုခြင်းကို ခံလိုက်ရတယ်..”

ခြူးမုယွင် သဘောပေါက်သွားပြီး သူ၏ နှလုံးသားက အပ်စိုက်ခံလိုက်ရသလို တဆစ်ဆစ် နာကျင်လာသဖြင့် အသာ မျက်မှောင်ကြုတ်လိုက်မိသည်။

ရန်ချန်းသည် ‘ဓားခုတ်ကောင်’ မဖြစ်ချင်သော်ငြား စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ဘဲ ‘အသက်တံခါး’ကို မတည်မငြိမ် ဖြစ်စေခဲ့သည်။ ယင်းအကျိုးဆက်က ကပ်ဘေးအန္တရာယ်လောက် မကြီးမားပါချေ။ ပုံမှန်အားဖြင့် ‘အသက်တံခါး’ကို ထိန်းချုပ်ထားသူက ယင်းဖြစ်စဉ်ကို ပယ်ဖျက်နိုင်သည်။ သို့သော် ရန်ချန်း မလုပ်နိုင်ခဲ့မှန်း သိသာနေတော့သည်။

ယဲ့ကျန့်ဟန်သည် ခြူးမုယွင် ရန်ချန်းကို လက်ထပ်ခွင့်မတောင်းရသေးမှန်း သိနေသောကြောင့် ရန်ချန်း၏ အသက်ကို ဦးစားပေး ကယ်တင်ခဲ့သည်။ သို့သော်ငြား ‘အသက်တံခါး’က စတင်အသက်ဝင်လာပြီ ဖြစ်သလို ယဲ့ကျန့်ဟန်အနေဖြင့်လည်း ရှန်ရွှိန်ယန်းကို ကုသပေးခဲ့ရသောကြောင့် ခွန်အားအပြည့်အဝ ပြန်မရသေးပေ။ ထိုစဉ်က သူကိုယ်တိုင် ရှို့လော်နယ်မြေနှင့် ချိတ်ဆက်ပြီး စွမ်းအားအတော်များများ အသုံးပြုလိုက်ရဟန်တူ၏။ ‘အသက်တံခါး’ကို မတွန်းလှန်နိုင်တော့ဘဲ စုပ်ယူဝါးမြိုခံလိုက်ရသည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now