274

1.8K 341 21
                                    

Unicode

ခြူးမုယွင်သည် ပြောမပြနိုင်လောက်သည့် ကိစ္စများစွာ လုပ်ပေးခဲ့ပြီး ရှက်ဖွယ်စကားများစွာ ပြောခဲ့ရပြီးနောက် ရှဲ့ချင်းလန်က မလွှတ်ချင့်လွှတ်ချင်ဖြင့် လွှတ်ပေးခဲ့သည်။

နေရောင်ကိုကျောပေးကာ အိပ်ရာပေါ်တွင် လဲလျောင်းနေသော ခြူးမုယွင်လည်း မူးဝေမိန်းမောနေရာမှ ဖြည်းဖြည်းချင်း ပြန်လည်သတိဝင်လာသည်။

ရှဲ့ချင်းလန်က တကယ့်ကို ကျွမ်းကျင်သူဖြစ်ပြီး နွေဦးသားရဲကလည်း Cheat တစ်ခုအနေဖြင့် တကယ့်ကို လွန်လွန်းသည်။

ထိုအချိန် ရှဲ့ချင်းလန်သည် ဘာမှမဝတ်ဘဲ ရေချိုးခန်းထဲမှ ထွက်လာသည်။ ရေစိုနေသည့် ဆံပင်ရှည်ကြီးကို ကျောပြင်ပေါ်တွင် ဖြန့်ချထားပြီး ထင်းရှင်းနေသည့် ခန္ဓာကိုယ်အချိုးအစားက ပြီးပြည့်စုံသလို ဆွဲဆောင်မှုရှိလွန်းနေသည်။

ခြူးမုယွင်မှာ သူ့ကို မော့ကြည့်မိသည့်အခိုက် ယမန်နေ့ညက ရှက်ဖွယ်ကိစ္စများကို ပြန်တွေးမိသွားပြီး ဝမ်းဗိုက်အောက်ပိုင်းမှ အပူရှိန်တက်လာသလို ခံစားလိုက်ရသည်။

ထိုတစ်ခဏလေးအတွင် ရှဲ့ချင်းလန် လူပြောင်းသွားပုံကို ခြူးမုယွင်တစ်ယောက် မျက်ဝါးထင်ထင် မြင်လိုက်ရလေသည်။

အနက်ရောင်ဆံနွယ်များသည် လရောင်ဖြင့် ဆေးကြောခံလိုက်ရသည့်အလား ဖြူဆွတ်သွားပြီး ကလူ၏သို့မြူ၏သို့ မျက်ဝန်းများက အောက်သို့ အသာစိုက်ကျသွားသည်။ ထူထဲကော့ညွတ်နေသော မျက်တောင်ရှည်များကြား ဇာမဏီမျက်ဝန်းသဖွယ် ကော့တက်နေသော မျက်ဝန်းထောင့်ကလည်း အေးစက်သထက် ပိုမိုအေးစက်လာပြီး ဖြူဖျော့နေသည့် နှုတ်ခမ်းပါးများနှင့် လိုက်ဖက်ညီစွာ ကျောက်စိမ်းရုပ်ထုသဖွယ် တကယ့်ကို လှပလွန်းပေသည်။

ကျွင်းမော့နှင့် ရှဲ့ချင်းလန်သည် အရပ်အမောင်းတူပြီး ခန္ဓာကိုယ်အချိုးအစားကလည်း သိပ်မကွာပေ။ သို့သော် ကျွင်းမော့က အသားပိုဖြူပြီး နောက်ကျောပြင်တွင် ဖြန့်ချထားသည့် ငွေရောင်ဆံနွယ်များက သူ့ကို ပို၍ဝင်းလက်သွားစေသည်။

ခြူးမုယွင်မှာ စိတ်လေးသွားပြီး အလွန်နူးညံ့သိမ်မွေ့သော လေသံဖြင့် ခေါ်လိုက်သည်။ : “အား.. မော့..”

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now