207

2.3K 531 47
                                    

Unicode

ခြူးမုယွင်က မျက်မှောင်ကြုတ်လိုက်သည်။

ရှဲ့ချင်းလန်က မရောက်သင့်တဲ့အချိန်မှာ ရောက်လာတာပဲ..!

သို့သော်ငြား ရှဲ့ချင်းလန်သည် ဤနေရာမှာ ကြိုပြီးစောင့်ဆိုင်းနေတာ ဖြစ်နိုင်လောက်၏။ မည်သို့ဆိုစေ ပုံရိပ်ယောင်နန်းတော်မှ ဖြစ်ရပ်များသည် အရာအားလုံး စုံစမ်းသိရှိသွားရန် လုံလောက်နေသည် မဟုတ်ပါလား။

ခြူးမုယွင်သည် ‘လင်းမု’၏ ကိုယ်ရေးအချက်အလက်များကို တမင် မဖုံးကွယ်ထားသော်လည်း လင်းရွှမ်နှင့် မတွေ့ခင်က အချက်အလက်များကိုမူ အသေးစိတ် ထပ်ဖြည့်ထားလိုက်သည်။ ထို့ကြောင့် ရှဲ့ချင်းလန်က ‘လင်းမု’အကြောင်း အသေးစိတ် လိုက်လံစုံစမ်းလျှင်ပင် ယဲ့ကျန့်ဟန်ကဲ့သို့ ‘လင်းမု’နှင့် ‘ရှန်ယွင်’ဟာ လူတစ်ယောက်တည်းဖြစ်ကြောင်း သတိမပြုမိလောက်ပေ။

သို့တိုင် ‘လင်းမု’၊ လင်းစုယွင်နှင့် လင်းရွှမ်တို့၏ သုံးပွင့်ဆိုင်ဇာတ်လမ်းကပင် မီးစာထည့်ရန် လုံလောက်နေချေ၏။ ရှဲ့ချင်းလန်အနေဖြင့် ထိုသို့သော အခွင့်အရေးကြီးကို အဘယ်သို့ လက်လွှတ်နိုင်မည်နည်း။

အစမှအဆုံးထိ ကျွင်းမော့ ငြိမ်သက်နေသည်။ ထူးထူးဆန်းဆန်းကြီးကို ငြိမ်သက်နေလေသည်။

ရှဲ့ချင်းလန်က ခနဲ့တဲ့တဲ့ ပြောလာသည်။ : “လင်းစုယွင် အသက်ရှင်တုန်းက မင်းက သူ့အတွက် လိုလိုလားလားကို ခွေးတစ်ကောင် ဖြစ်ပေးခဲ့တယ်.. သေသွားပြန်တော့လည်း လက်မလျော့နိုင်သေးဘူး.. သူ့ကို အသက်ပြန်သွင်းနိုင်ဖို့ မင်းရဲ့ ခန္ဓာကိုယ်ကိုတောင် အသုံးချပြီး ကျွင်းမော့ကို မြူဆွယ်ခဲ့တယ်ပေါ့..”

“မင်း ဘာလို့ ဒီလောက်တောင် အကြံကြီးရတာလဲ..? ကျွင်းမော့ရဲ့ အဂ္ဂိရတ်ပညာကို မျက်စိကျပြီး အန္တိမဆေးကျမ်းရှာဖို့ လျှို့ဝှက်နယ်မြေထဲ သွားခဲ့တယ်..” ရှဲ့ချင်းလန်က ခပ်သောသောရယ်လိုက်သည်။ သူ၏ မျက်ဝန်းထဲတွင် ရက်စက်ကြမ်းကြုတ်ခြင်းများ ဖြတ်ပြေးသွား၏။ “ငါတောင် မင်းရဲ့အကွက်ထဲ ရောက်သွားရတယ်လို့.. မင်းက တကယ့်ကို ကြောင်သူတော်ပဲ.. ကျွင်းမော့ကို အချစ်ကြီးချစ်ပြပြီး ရှန်ယွင်ကြောင့် သဝန်တိုသလိုလို ဟန်ဆောင်ပြတယ်.. အဲ့တစ်ကွက်တည်းနဲ့ အန္တမဆေးကျမ်းကို ခိုးနိုင်ရုံတင်မကဘူး၊ ကျွင်းမော့ကိုပါ လုံးလုံးလျားလျား သိမ်းသွင်းနိုင်လိုက်တယ်.. မင်းရဲ့အကြံအစည်က တကယ့်ကို သေသပ်လွန်းပါတယ်..!”

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now