250

1.9K 450 19
                                    

Unicode

ခြူးမုယွင်သည် ကျွင်းမော့အတွက် စိတ်မကောင်းဖြစ်သွားပြီး အိမ်ပြန်ခေါ်ကာ ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပေးခဲ့လေ၏။ သို့သော် သူ အမှားကြီးမှားသွားချေပြီ။ ယခင်ထက်ပင် ပိုမိုဆိုးဝါးသော အမှားကြီးတစ်ခု ဖြစ်လာခဲ့သည်။

ကျွင်းမော့သည် ကလေးမဟုတ်တော့ပေ။ လောကဓံအမျိုးမျိုးကို တွေ့ကြုံခံစားခဲ့ရပြီးနောက် အေးတိအေးစက် အထီးကျန်ဆန်စွာ ကြီးပြင်းလာရသည်။ သူက နွေးထွေးမှုကို တောင့်တနေမိသော်ငြား ကြောက်လည်း ကြောက်နေခဲ့သည်။ သို့သော် စိတ်ဝိဉာဉ်၏ ဆွဲဆောင်ရာနောက် လိုက်ပါသွားရင်း ခြူးမုယွင်နှင့် နီးစပ်ချင်လာသည်။ ခြူးမုယွင်အနား ချဉ်းကပ်နေမိရင်း နောက်ဆုံးတော့ ချစ်မိသွားခဲ့သည်။

မည်သို့ဆိုစေ ခြူးမုယွင်ဟာ သူ့အပေါ် နွေးထွေးကြင်နာပေးသော ပထမဦးဆုံးနှင့် တစ်ဦးတည်းသောသူ ဖြစ်ခဲ့သည်။ သို့ဖြစ်၍ ကျွင်းမော့ ချစ်မိသွားသည်မှာ မထူးဆန်းတော့ပါချေ။

သို့သော် ခြူးမုယွင်သည် အတိတ်မှ အဖြစ်အပျက်များကြောင့် သူ မချစ်သင့်တော့ကြောင်း စိတ်ထဲ စွဲမြဲသွားခဲ့သည်။

မသိစိတ်က တကယ့်ကို ရက်စက်လွန်းပေသည်။ ထိုသို့သာ မဖြစ်ခဲ့လျှင် ခြူးမုယွင်အနေဖြင့် နတ်ဆိုးအရှင်ကြီးများကို ယခုလောက်အထိ နာကျင်ခံစားစေလိမ့်မည်မဟုတ်ပေ။

ကျွင်းမော့က စိတ်ရှည်သည်။ သူ၏ အချစ်စိတ်ကို နှလုံးအိမ်ထဲတွင် သိုဝှက်ထားပြီး ဘယ်သောအခါမှ ထုတ်မပြခဲ့ပေ။ ခြူးမုယွင်ပင် ‘သူ နောက်ဆုံးတော့ အောင်မြင်ခဲ့ပြီ၊ အရည်အချင်းပြည့်မီတဲ့ ဆက်ခံသူတစ်ယောက်ကို နောက်ဆုံးတော့ မွေးထုတ်နိုင်ခဲ့ပြီ’ ဟူ၍ ထင်မြင်လာခဲ့သည်အထိ။

သို့သော် ကျွင်းမော့ အရွယ်ရောက်လာပြီးနောက် အရာအားလုံး ပြောင်းလဲသွားပြန်သည်။

ခြူးမုယွင် ထွက်သွားရတော့မည့်အချိန် ကျွင်းမော့က အဘယ်သို့ လက်လွှတ်ပေးနိုင်မည်နည်း။

သိုဝှက်ထားသမျှ ခံစားချက်အားလုံး ပေါက်ကွဲထွက်ကုန်တော့သည်။ ဖုံးကွယ်ထားလေ၊ ခံစားချက်များ ပြင်းထန်လာလေဖြစ်ပြီး ထုတ်ဖော်ပြလိုက်ပြီးနောက် ပို၍ပင် ဝမ်းနည်းနာကျင်ခဲ့ရသည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]حيث تعيش القصص. اكتشف الآن