227

2.3K 484 34
                                    

Unicode

ယနေ့ညတွင် ဖြစ်ရပ်များစွာ ဖြစ်ပျက်ခဲ့လေ၏။ ဦးဆုံးအနေဖြင့် မော့ကျိုးရှောင်သည် အကြောင်းတစ်ခုခုကြောင့် ဒဏ်ရာအပြင်းအထန် ရထားသည်။ သူကိုယ်တိုင်က နားလည်ရခက်ပြီး ယုတ္တိမတန်သည့် ပုံရိပ်တချို့ ကြားယောင်နေခဲ့ပြီး လင်းရွှမ်သည်လည်း ရုတ်တရက်ကြီး မှတ်ဉာဏ်ပြန်ရသွားသည်။

ထိုဖြစ်ရပ်များ၏ သက်ရောက်မှုက ခြူးမုယွင်၏ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းကို အကြီးအကျယ် ထိခိုက်စေခဲ့လေသည်။ မဟုတ်လျှင် အစကတည်းက လင်းရွှမ်မဟုတ်မှန်း သတိပြုခဲ့မိမည်ပင်။

တကယ်တမ်းတွင် ခြူးမုယွင်သည် အဘယ်ကိစ္စက သူ့အပေါ် အများဆုံးသက်ရောက်နိုင်ခဲ့မှန်း ရှင်းရှင်းလင်းလင်း သိနေပါသည်။

မော့ကျိုးရှောင်အငယ်လေးနှင့် မချင့်မရဲခံစားချက်၊ နာကျင်ဝမ်းနည်းခြင်းများ၊ နာကျည်းစိတ်များ…

ထိုသူက တကယ်‌ရော မော့ကျိုးရှောင် ဟုတ်ပါရဲ့လား..?

ခြူးမုယွင်၏စိတ်ထဲ အနည်းငယ် စိတ်ရှုပ်ထွေးနေသော်ငြား တကယ့်ကို သိချင်လာမိသည်။ ပုံမှန်အခြေအနေများထက် သိချင်စိတ် ပြင်းပြလာခဲ့သည်။

သို့သော် လက်ရှိအနေအထားတွင် ထိုအကြောင်း မစဉ်းစားနိုင်သေးပေ။ ခြူးမုယွင်က စိတ်ငြိမ်အောင် ကြိုးစားလိုက်ရင်း သူ့ဘေးမှ အမျိုးသားကို လှည့်ကြည့်လိုက်သည်။

လိုအပ်သည့် အချက်အလက်ရပြီးနောက် အနီရောင်ဆံနွယ်များဟာ အရောင်လွင့်ပြယ်ပြီး မဟူရာဆံနွယ်အဖြစ် ပြောင်းလဲသွားခဲ့၏။ ထောင်လွှားမောက်မာမှုကို ညွှန်းဆိုအပ်သော မျက်ခုံး၊ မျက်ဝန်းများက စူးရှနက်နဲသည့် မဟူရာမျက်ဝန်းအဖြစ် ပြောင်းလဲသွားပြီး နှုတ်ခမ်းထောင့်က ညစ်ကျယ်ကျယ်အပြုံးအသွင် ကော့ညွတ်နေလေသည်။

အစားကြူးခြင်း၏ အရှင်သခင် ယဲ့ကျန့်ဟန်။

“ခြူးမုယွင်..” သူက ထိုနာမည်ကို နူးညံ့တိုးလျစွာ ရေရွတ်လိုက်သည်။

ခြူးမုယွင်က မျက်မှောင်ကြုတ်ကာ ယဲ့ကျန့်ဟန်အား မျက်တောင်မခတ်တမ်း ငေးကြည့်နေခဲ့သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Waar verhalen tot leven komen. Ontdek het nu