200

2.2K 511 25
                                    

Unicode

“ငါပြောချင်တာ…… မင်း… တစ်ယောက်ယောက်ကို လိုက်ရှာနေတာများလား..?”

***

ရုတ်တရက် တွေးလိုက်မိသည့် အတွေးတစ်ခုသာ။ သို့သော် ယဲ့ကျန့်ဟန်တစ်ယောက် ထိုအကြောင်း အတော်ကြာအောင် ဆက်တွေးနေမိလေသည်။

ရှန်ရွှိန်ယန်း (လောဘ)၊ ရှဲ့ချင်းလန် (ရမ္မက်)၊ လင်းရွှမ် (အမျက်ဒေါသ)၊ ကျွင်းမော့ (ပျင်းရိခြင်း) နှင့် သူ့ကိုပါ ထည့်တွက်လျှင် သူတို့ငါးယောက်လုံးတွင် တူညီသော အရာတစ်ခုရှိသည်။ ထိုအမျိုးသားနှင့် မတွေ့ဆုံမီက မည်သို့နေထိုင်ခဲ့ပါစေ၊ မည်သည့်အခြေအနေမျိုး ရှိခဲ့ပါစေ၊ တစ်ဦးချင်းစီက မည်သို့သော ဂုဏ်ရှိန်၊ အာဏာ၊ စွမ်းအားမျိုး ပိုင်ဆိုင်ထားပါစေ၊ ‘အချစ်’ အကြောင်း မသိခဲ့သလို ဂရုပင်မစိုက်ခဲ့သော်ငြား ထိုအမျိုးသားနှင့် တွေ့ဆုံမိပြီးနောက် အကြင်သူ၏ သေသပ်ပါးနပ်သော လှည့်ကွက်များကြား တစ်ယောက်ပြီးတစ်ယောက် ရုန်းမထွက်နိုင်အောင် ကျရှုံးသွားခဲ့ရသည်။

ဒီလိုတွေလုပ်နေတဲ့ အဓိကအချက်က ဘာလဲ..? သူတို့အားလုံး သူ့ကို ချစ်မိသွားအောင်လုပ်ပြီး ဘာလုပ်မလို့လဲ..?

ခြူးမုယွင်သည် နှလုံးသားမဲ့လွန်း၏။ ထိုသို့သော အကျင့်စရိုက်မျိုးက တခြားလူများ၏ ခံစားချက်နှင့် ဆော့ကစားရန် ပျင်းရိနေတတ်သည်။ အိပ်ရာပေါ်မှကိစ္စများ ဖန်တီးချင်လျှင် အဆင်ပြေသော်လည်း ထိုသူများနှင့် ခံစားချက်အကြောင်း၊ အချစ်အကြောင်း ပြောဆိုမိလျှင် သူတို့ကိုသာ စိတ်ရှုပ်သွားစေလိမ့်မည်။ သို့ဖြစ်ရာ အဘယ်ကြောင့် ထိုသို့လုပ်နေသနည်း။

ထိုအကြောင်းအရင်းများကြောင့် ခြူးမုယွင်က တစ်စုံတစ်ယောက်ကို လိုက်ရှာနေတာ ဖြစ်လောက်သည်ဟု ယဲ့ကျန့်ဟန် အတွေးပေါက်သွားခြင်းပင်။ သို့သော် သူ အတပ်မပြောရဲ။ အကြောင်းအရာတစ်ခုကို မျက်လုံးစုံမှိတ် ယုံကြည်လိုက်မိတိုင်း၊ ထပ်ခါထပ်ခါ စိတ်ပျက်ခဲ့ရသည်မဟုတ်ပါလား။

ထိုသို့တွေးမိပြန်တော့ ယဲ့ကျန့်ဟန်မှာ ရုတ်ချည်း စိတ်မကြည်လင်တော့ပေ။ : “မင်းရှာနေတဲ့လူက ကိုယ်မဟုတ်ဘူးလို့ ဘာလို့ ဒီလောက်သေချာနေတာလဲ..?”

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now