Unicode
ခြူးမုယွင်သည် Zero လေး၏ Mission ကို လက်ခံလိုက်ခြင်းက သူလိုချင်နေသည့် တစ်စုံတစ်ရာ ရှိနေသောကြောင့်ပင်။
အသိစိတ် စတင်ဖြစ်တည်လာကတည်းက ထိုအရာကို လိုချင်တောင့်တခဲ့သည်။
ထိုအရာကား ‘ဝတ္ထုပစ္စည်း’မဟုတ်၊ ‘အမှန်တရား’သာ ဖြစ်၏။
သူ့ကိုယ်သူ သိချင်သည်။ သူ ဘယ်သူလဲဆိုတာ သိချင်မိသည်။
ကမ္ဘာမြေ၊ ၂၁ ရာစုတွင် လူတိုင်း၊ မိဘမဲ့များပင် သွေးရင်းမိဘ ရှိကြသော်လည်း သူ့မှာတော့ မရှိခဲ့ပေ။
ရုတ်တရက် ထွက်ပေါ်လာသကဲ့သို့ သူ၏အသိစိတ် ဖြစ်တည်လာချိန်တွင် အရွယ်ရောက်နေပြီ ဖြစ်သည်။ သူ့တွင် နေထိုင်လှုပ်ရှားရန် လိုအပ်သည့် အသိအမြင်များ ရှိနေပြီးသားဖြစ်ပြီး သူ၏ဘဝကို လွယ်ကူစွာ ထိန်းကျောင်းနိုင်ခဲ့သည်။
ကမ္ဘာလောကကြီးသည် အလွန်ကျယ်ဝန်းပြီး အံ့အားသင့်ဖွယ်ပစ္စည်းများ၊ ဆန်းသစ်မှုများဖြင့် ပြည့်နှက်နေသည်။ စိတ်ကူးနိုင်သရွေ့ အဆုံးအစမရှိသော စိတ်အားတက်ကြွဖွယ် အရာများကို ရှာတွေ့နိုင်လိမ့်မည်။
လိင်ကိစ္စ၊ စွန့်စားခန်း၊ အောင်မြင်မှု၊ ဩဇာအာဏာနှင့် သေမင်းနှုတ်ခမ်းဝကို ဖြတ်ပြေးနေရသော အားကစားများ၊ စသည့်အရာများသည် လူသားတို့၏ နှလုံးသားထဲမှ စိတ်ဆန္ဒကို လှုံဆော်ပေးနိုင်ပြီး အသက်ရှင်သန်ရခြင်း၏ တန်ဖိုးကို သိမြင်စေကာ သေခြင်းတရားကို ကြောက်ရွံ့လာစေသည်။
သို့သော် ခြူးမုယွင်တွင် ထိုသို့သောခံစားချက်များ မရှိခဲ့ပေ။
မည်သည့်အရာမဆို သူ့အတွက် လွယ်ကူလွန်းသည်။ ပိုက်ဆံလိုချင်သလား၊ လက်ချောင်းမြှောက်လိုက်ရုံဖြင့် ရနိုင်သည်။ အာဏာလိုချင်သလား၊ လွယ်ကူလွန်းသည်။ အပျော်အပါး ရှာဖွေချင်သလား၊ ဘယ်သောအခါမှ လူပြတ်သွားမည်မဟုတ်။ စိန်ခေါ်ရမည့် အရာဟူ၍ ရှိပါသေး၏လော။ ဆာဟာရသဲကန္တာရကို ဖြတ်ကျော်၍ ကမ္ဘာအနှံ့ ခရီးထွက်ခဲ့သည်။ အို့… သူ ကမ္ဘာ့အပြင်ဘက် အာကာသထဲကိုတော့ မသွားဖူးသေးချေ။
YOU ARE READING
အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]
Fantasyအမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? ''မင်းကိုယ့်ကို ခုနစ်ကြိမ် လက်ထပ်ခွင့်တောင်းခဲ့တယ်၊ ကိုယ်ကလည်း မင်းကို ခုနစ်ကြိမ် ကတိပေးခဲ့တယ် . . . ကိုယ်တို့ လက်ထပ်ကြရအောင်..!'' ................................ အမ်ိဳးသားခုနစ္ေယာက္ကိ...