210

2.4K 516 40
                                    

Unicode

Zero : “ရှက်စရာကြီး..”

ခြူးမုယွင် : “……..”

ရေခဲခန်း၏ အအေးဓာတ်ကို ထိန်းသိမ်းနိုင်ရန်အလို့ငှာ မှောင်ရိပ်သမ်းနေပြီး မှိန်ဖျော့ဖျော့ အလင်းတချို့သာ ထွန်းလင်းနေလေ၏။ ပတ်ဝန်းကျင်ကို ကြည့်လိုက်လျှင် စိတ်ကူးယဉ်နေသယောင်၊ ထင်ယောင်ထင်မှား ဖြစ်နေသယောင် မှတ်ထင်ရပေသည်။

ခြူးမုယွင်ကား မလှုပ်မယှက်။

ထိုအခိုက်အတန့် ကျွင်းမော့က ခပ်ယောင်ယောင် ပြုံးလိုက်သည်။ နှစ်ပေါင်းသုံးထောင်ကျော်အတွင်း ကျွင်းမော့သည် အဆင်းသဏ္ဌာန်အားဖြင့် မပြောင်းလဲသော်လည်း စိတ်နှလုံးသားကတော့ အပြောင်းလဲကြီး ပြောင်းလဲသွားချေပြီ။ နှစ်ပေါင်းများစွာ နတ်ဆိုးအရှင်သခင်အဖြစ် ရပ်တည်လာပြီးနောက် သူ၏ မျက်နှာပေါ်မှ ကလေးဆန်ဆန် အပြုအမူလေးများနှင့် မရင့်ကျက်မှုများ ကွယ်ပျောက်သွားခဲ့သည်။

ခြူးမုယွင်တစ်ယောက် အနည်းငယ် ထိတ်လန့်သွားသည်။

ကျွင်းမော့ ပြုံးလိုက်သည့်အခိုက် ထိုအပြုံးသည် သူ့မျက်ဝန်း၏ အနက်ရှိုင်းဆုံးနေရာမှ ဖြည်းဖြည်းချင်း ဖူးပွင့်လာလေပြီး ငွေရောင်မျက်ဝန်းအိမ်ကို ဖုံးလွှမ်းသွားကာ အလင်းမဲ့သော ညသန်းခေါင်အလယ် ကမ္ဘာလောကတစ်ခုလုံးကို မီးရှူးမီးပန်းများဖြင့် အလင်းဆောင်သကဲ့သို့ တောက်ပနေလေ၏။

တစ်ခဏလေးသာ ပေါ်ထွက်လာသော်လည်း ရင်သပ်ရှုမောဖွယ် အလှတရားမျိုးပင်။

ခြူးမုယွင်က ဘာမှပြောမနေဘဲ အသာငုံ့ကာ ကျွင်းမော့၏ မျက်ခုံးနှစ်သွယ်ကြားသို့ အနမ်းဖွဖွခြွေလိုက်သည်။

လမ်းပျောက်နေသည့် ကလေးငယ်လေးကို သည်းခံအလိုလိုက်ခြင်းများဖြင့် နွေးထွေးမှုပေးကာ ချောမော့နေသည့်အလား။ အနှီအနွေးဓာတ်သည် ကလေးငယ်၏ နှလုံးသားထဲမှ အေးစက်မှုများကို အရည်ပျော်အောင် မစွမ်းဆောင်နိုင်လျှင်ပင် အရေပြားတစ်ထောက်စာတော့ အတန်ငယ် နွေးထွေးသွားရပြီး လူကို ရစ်မူးစေနိုင်သည်။

ကျွင်းမော့က အသာပြုံးလိုက်ရင်း.. “ခင်ဗျား ပေါ်မလာတာ အရမ်းကြာသွားပြီပဲ..”

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now