အပိုင်း (၆၆) မသမာမှုကြောင့် အသရေဖျက်ခြင်း

Start from the beginning
                                    

ဒီတစ်ခါတော့ မသမာတဲ့ကျောင်းသားတစ်ယောက်ကို ဖမ်းဖို့ အမျှော်မြင်ရှိရှိလုပ်ခဲ့တာပဲ။ နှစ်ကုန်ထူးချွန်ဆရာရွေးပွဲကျရင် ကြီးကျယ်တဲ့ဆောင်ရွက်ချက်တစ်ခုကြောင့် သေချာပေါက် ချီးမွှမ်းခံရလိမ့်မယ်။ ရှန်ယွဲ့လို ကျောင်းသားဆိုးတစ်ယောက်တစ်ယောက်ကတော့ ကျောင်းထုတ်ခံရပြီး မျက်စိပါးမွှေးစူးစရာ မရှိတော့ရင် အကောင်းဆုံးပဲ။

" တခြားအကြောင်း မပြောတော့ဘူး၊ အားလုံးက အဖြေလွှာတွေ ရပြီးပြီဆိုတော့ သည်စာမေးပွဲရဲ့ သုံးသပ်ချက်ကို ပြောတော့မယ်...."

မစ္စလီသည် ကျိတ်ကျေနပ်နေပြီး နောက်ဆုံးမှာ သင်ကြားရေး၏အရေးကြီးကိစ္စကို သတိရသွားတော့သည်။

သို့သော် သူမက မြေဖြူကို ကောက်ကိုင်လိုက်ပြီး စမပြောလိုက်ခင်မှာပင် ရှန်ယွဲ့၏ကြည်လင်သည့်အသံက အခန်းထဲမှ ထွက်လာတော့သည်။

" ဆရာမလီ သမီးရဲ့ အဖြေလွှာ ဘာလို့မရလဲဆိုတာကို သိချင်ပါတယ်"

ကျောင်းသားများသည် စပ်စုလိုစိတ်ဖြင့် မတ်တပ်ရပ်ကာ ထမေးလိုက်သည့်ရှန်ယွဲ့ကို လှည့်ကြည့်လိုက်ကြတော့သည်။

မစ္စလီ၏မျက်နှာထားသည့် ချက်ချင်းညိုမဲသွားတော့သည်။ သူမသည် မဲ့ရွဲ့လိုက်ပြီး

" ဟင်း ဟင်း နင်ဘာလို့ အဖြေလွှာတစ်ခုမှမရလဲဆိုတာ နင် ကောင်းကောင်းသိပါတယ်"

" သမီးတကယ် မသိလို့ပါ၊ ဆရာမလီက သမီးကို အကြောင်းအရင်းလေး ပြောပြပေးဖို့လိုပါတယ်၊ ပြီးတော့ သမီးဘာလို့ သင်္ချာမှာ သုည ပဲရတာလဲ"

ရှန်ယွဲ့သည် တည်တည်ငြိမ်ငြိမ်ဖြင့် ဆက်မေးလိုက်လေသည်။

" အဟား ဟား ရှန်ယွဲ့က သင်္ချာမှာတင် သုညရတာမဟုတ်ဘူးလေ တခြားဘာသာရပ်တွေမှာလည်း သုညပဲ၊ သူ ဘာလို့ ဘာမှမပြောတာလဲ"

ချက်ချင်းပင် အတန်းသားတစ်ယောက်က တုန့်ပြန်လိုက်ပြီး သူ့ပါးစပ်ကို ကာထားလိုက်ကာ အော်ရယ်လိုက်လေသည်။

" အဆင့်သတ်မှတ်ချက်ဌာနက ဒီရက်ပိုင်းအတွင်း သုညရတဲ့အတွက် ပြန်ကြားပေးမှာပါ၊ အ,ချင်ဟန်ဆောင်မနေနဲ့၊ ဟုတ်ပြီ ရှန်ယွဲ့ ငါ့အတန်းကိုမနှောင့်ယှက်နဲ့တော့"

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now