အပိုင်း (၆၅) ကလိမ်ကျတဲ့ နည်းလမ်းတစ်ချို့

Start from the beginning
                                    

သင်္ချာဘာသာရပ် တာဝန်ခံဆရာမှာ မစ္စလီဖြစ်ပြီး ပြီးခဲ့သည့်အခေါ်က ရှန်ယွဲ့ကို အခန်းထဲတွင် ပြဿနာဖြစ်အောင် တမင်လုပ်ခဲ့သူဖြစ်လေသည်။ တစ်ခန်းလုံးကို သင်္ချာအဖြေလွှာများ ဝေပေးလိုက်ပြီးနောက် မစ္စလီက တစ်ခန်းလုံး အေးအေးဆေးဆေး ကြည့်လိုက်ကာ ပြောလိုက်၏.

" ငါ့တူလေး လီရွှီက ဒီလပတ်စာမေးပွဲမှာ ပထမရခဲ့တယ်၊ သူ ၆၇၅မှတ်ရခဲ့တယ်လေ၊ သူတို့ထဲမှာ သင်္ချာက ၉၉မှတ်ရတယ် တစ်ကျောင်းလုံးမှာ အများဆုံးပဲ"

အထက်တန်း တတိယနှစ် တစ်ခုလုံးမှာ ၉၉မှတ်က အမြင့်ဆုံးအမှတ်တဲ့လား။ ဒါဆို ငါလေးရဲ့ သင်္ချာအမှတ်ပြည့်ရတာကရော။ ရှန်ယွဲ့သည် လက်ပိုက်ကာ မစ္စလီက သူမ၏အဆင့် ၁ တူလေးအား ချီးကျူးထောပနာပြုနေသည်ကို နှုတ်ဆိတ်ရင်း ကြည့်နေလိုက်တော့သည်။

"မစ္စလီကတော့ ထပ်လုပ်ပြန်ပြီ၊ အတန်းမစခင် အမြဲတမ်းပဲ အတန်းနဲ့မဆိုင်တာတွေကိုပဲ နားပူအောင်ပြောနေတာ အရမ်းစိတ်ပျက်ဖို့ကောင်းတာပဲ"

နောက်တန်းမှ ကောင်မလေးတစ်ယောက်က ခပ်တိုးတိုး ညည်းညူလိုက်လေသည်။

သူမနှင့်တစ်ခုံတည်းထိုင်သည့်ကျောင်းသူလေးက မစ္စလီကို ခိုးကြည့်လိုက်ပြီး စာအုပ်ရှည်ကြီးတစ်ခုနှင့်ကွယ်ကာ ဆက်ပြောလေသည်။

" ဟုတ်ပါ့၊ သူက နေ့တိုင်း ထူးချွန် အကျင့်ကောင်း သိတတ်လိမ္မာတဲ့ သူ့တူအကြောင်း ကြွားဖို့ပဲ သိတယ်၊ မသိရင် လီရွှီက သူ့သားအရင်းကျနေတာပဲ"

"အေးလေ အေးလေ သူအဲလို သဘောကျမှတော့ သူလည်း တစ်ယောက်လောက်မွေးလိုက်ပါလား၊ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက သူ့မှာ ကိုယ်ဝန်မရလို့ဆိုပြီး ဌာနမှူးနဲ့ လှေကားနားမှာ ရန်ဖြစ်နေတာတောင် တွေ့လိုက်သေးတယ်" နောက်တစ်ယောက်က ထပ်ပြောလိုက်၏။

" သူနဲ့ဌာနမှူးဟုတ်လား၊ သူတို့နှစ်ယောက်က ဘယ်လိုပက်သတ်တာလဲ"

" သူ့ယောက်ျားက အဲဒီထိပ်ပြောင်ဌာနမှူးလေ၊ ငါတို့ရဲ့ဘာသာရပ်ဆရာမက သူနဲ့မိတ်ဆက်ပေးလို့ သိခဲ့တာ နင်က အခုမှ သိတာလား"

ကောင်လေးက စနောက်ရင်းတခစ်ခစ် ရယ်လေသည်။

စင်အောက်က စကားကသံကိုကြားလိုက်သဖြင့် မစ္စလီသည် စားပွဲကို ရိုက်လိုက်ပြီး မျက်နှာပြောင်းကာ ပြောလိုက်လေသည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now