Chapter - 33 [ That Twelve Years ]

6 0 0
                                    

Unicode Version


အဲဒီယ့်နှစ်နှစ်တာကာလ 

< ရွက်ကြွေဝေအမြင် >


မျက်လုံးများကိုအားယူ၍ဖွင့်လိုက်သည်နှင့်ရင်းနှီးသလိုရှိသည့်မျက်နှာကြက်ကိုအရင်မြင်လိုက်ရပြီးနောက်
"သမီး သမီးလေး သတိရလာပြီလား။"

ဦးစွာကြားလိုက်ရသည့်အသံပိုင်ရှင်ကိုရွက်ကြွေရေရွတ်မိလိုက်သည်။

"မေမေ.."

"အင်း ဟုတ်တယ် မေမေပါ။ သမီးဘယ်လိုနေသေးလဲ။ နေ​လို့ကောင်းရဲ့လား။"

စိတ်ပူစွာဆိုလာသည့်အမေဖြစ်သူ၏စကားကြောင့်ရွက်ကြွေလှဲနေသည့်မှအနေအထားမှရွက်ကြွေထထိုင်ရန်ပြင်လိုက်တော့ကိုက်ခဲလာသည့်ခေါင်းကြောင့်ရွက်ကြွေညီးညူမိသွားသည်။

"အား နာလိုက်တာ။"

"နာတယ် ဘယ်နားကဘယ်လိုနာတာလဲ သမီး။"

"ခေါင်းကမေမေ။ ဒါနဲ့ဖေဖေအပါအဝင်ဦးလေးတွေရော၊ဒေါ်လေးဖြူရောကဘာလို့တစ်စုတစ်စည်းရှိနေကြတာလဲ။ ပြီးတော့ဒေါ်လေးဖြူမျက်နှာကလည်းမျက်ရည်တွေနဲ့။"

ရွက်ကြွေညီးညူမိမှုကိုသေချာမေးလာသည့်အမေဖြစ်သူကိုရွက်ကြွေပြန်ဖြေရင်းမြင်နေရသောအခန်းတွင်း၌တစ်စုတစ်စည်းရှိနေသောလူကြီးများကြောင့်ရွက်ကြွေမေးလိုက်မိချိန်တွင်

"ဘာလို့ငါတို့ကတူတူရှိနေရတာလဲဆိုတာ ပြန်ပြောပြရအုံးမှာလား ရွက်ကြွေဝေ။"

ဒေါသသံဖြင့်ပြောလာသောဦးလေးငယ်ကိုဦးကြီးကလက်ဖြင့်ရပ်ရန်အမူအရာပြလိုက်ပြီး

"ရွက်ကြွေ သမီး တစ်ခုမှမမှတ်မိဘူးလား။"

"ဖေဖေ ဦးကြီးပြောတာကိုသမီးနားမလည်ဘူး။"

ရွက်ကြွေစကားအဆုံးတွင်ရွက်ကြွေဖေဖေကရွက်ကြွေအနားတွင်လာထိုင်ပြီး

"သမီး ခေါင်းထိခိုက်ရတဲ့အကြောင်းအရင်းကိုလုံးဝမမှတ်မိဘူးလား။"

"ဟင့်အင်း ဖေဖေ။ သမီး ခေါင်းတစ်ချက်ချက်နည်းနည်းနာပေမယ့် သမီးဘာမှမမှတ်မိဘူး ဖေဖေ။"

Me, You, The Ghost & HerTempat cerita menjadi hidup. Temukan sekarang