Chapter-17 [Again To Meet 2]

13 1 2
                                    

Unicode Version

တစ်ဖန်ပြန်လည်(၂)

"အကုန်ရှင်းခဲ့ပြီမလား။ တော်တယ် ဘယ်လက်ရုံး။"
အမည်းရောင်မျက်နှာဖုံးကိုတပ်ထားသည့်ထိုလူကပြောပြီးသည်နှင့်ဖုန်းကိုချကာပရိုဂျက်တာတွင်ပေါ်နေသည့်မီးလောင်နေသောစက်ရုံအပျက်ကြီးကိုသဘောကျစွာကြည့်နေစဥ်
"ဒေါက်ဒေါက်"
"ဝင်ခဲ့"
နှစ်ချက်ဆက်တိုက်တံခါးခေါက်သံကြောင့်ထိုလူဝင်ခွင့်ပေးလိုက်ပြီး
"လှလှပပလောင်ကျွမ်းသွားတာပဲမဟုတ်လား ဗညား။"
"ဟုတ်ပါတယ် ဘော့စ်။"
ပရိုဂျက်တာကိုအကြည့်မပျက်ပဲပြောလာသောဘော့စ်ကြောင့်ဦး​ဗညားအလိုက်သင့်ပဲ​ပြန်ပြောလိုက်တော့ဘော့စ်တစ်ဖြစ်လဲထိုလူ၏အကြည့်တစ်ချက်ကဗညားထံရောက်လာပြီး
"ဒီအထိလာတယ်ဆိုတော့ဘာအကြောင်းထူးရှိလို့လဲ ဗညား။"
ထိုလူကမေးရင်းနဲ့အကြည့်ကပရိုဂျက်တာဆီသို့အကြည့်ပြန်ရောက်သွားလေသည်။
"မမလေးနဲ့ပန်းသစ်ခွတို့ဟိုတစ်နေ့တွေ့ဖြစ်ကြတယ်တဲ့။"
ဗညား၏စကားအဆုံးတွင်ပရိုဂျက်တာဆီအကြည့်ရောက်နေသောထိုလူကဗညားဆီအကြည့်လွှဲလိုက်ပြီး
"ဘာအကြောင်းနဲ့တွေ့ကြတာလဲ။ ဘာတွေပြောကြသေးလဲ။"
"ပန်းသစ်ခွကိုလူနာသတင်းလာမေးတာပါ။"
"ဘာ.. လူနာသတင်းမေးရအောင် သူတို့နှစ်ယောက်ကဘယ်တုန်းကသိသွားကြတာလဲ။"
"အဲဒါက..မမလေးအလုပ်လုပ်တဲ့ကုမ္ပဏီကမမလေးကိုလွှတ်လိုက်လို့ရောက်လာတာပါ။..."
ဒေါသတကြီးပြောလာသည့်ထိုလူစကားကိုဗညားမြန်မြန်ပြန်ဖြေလိုက်ရသည်။
"...ပြောတာကတော့ပန်းသစ်ခွဘက်ကစပြောတာပါ။ ပန်းသစ်ခွကမမလေးအပေါ်မကျေနပ်တာရှိပုံရတယ်။"
"တောက်"
ဗညား၏စကားအဆုံးတွင်ထိုလူထံမှတောက်ခေါက်သံတစ်ချက်ထွက်လာပြီးနောက်
"ဆေးရုံမှာရှိသေးတယ်မလား။"
"ပန်းသစ်ခွကဒီနေ့ဆေးရုံကဆေးခွင့်ရပါပြီ။ ဒါပေမယ့်ကျွန်တော်သွားမခေါ်ရသေးတော့မဆင်းရလောက်သေးဘူး။"
ထိုလူ၏အမေးကိုဗညားဖြေလိုက်သည်။ဗညားဆီကစကားဆုံးသည်နှင့်
"အခုချက်ချင်းဆေးရုံသွားမယ်။"
ထိုလူကပြောရင်းထိုင်နေရာမှထကာတပ်ထားသောမျက်နှာဖုံးကိုချွတ်ကာအိတ်ကပ်ထဲထည့်ပြီးထိုလျို့ဝှက်နေရာမှဗညားဆိုသူနဲ့အတူထွက်လာခဲ့တော့လေသည်။

Me, You, The Ghost & HerWhere stories live. Discover now