Chapter-1 [Am I a Ghost?]

78 6 2
                                    

Unicode Version

ကျွန်တော်ကသရဲတဲ့လား။

လေးလံနေသောမျက်လုံးတွေကိုကျွန်တော်အားယူပြီးဖွင့်လိုက်ချိန်မှာတော့ကျွန်တော်တွေ့ရတာကလူရှင်းနေတဲ့လမ်းတစ်လမ်းကိုပင်။လမ်း၏ဓာတ်မီးတိုင်​တွေရှိမီးလုံးများကဖွင့်လိုက်ပိတ်လိုက်ဖြစ်နေသည်။တစ်ဖျတ်ဖျတ်ဖြစ်နေသောလမ်းမီးတိုင်ကိုကျွန်တော်ကြည့်ရင်းကျွန်တော်ကိုယ်ကျွန်တော်ပြန်စဥ်းစားသည်။သို့သော်လည်းကျွန်တော်ဘာမှမမှတ်မိ။
"ကျွန်တော်ဘယ်သူလဲ။ကျွန်တော်ဘယ်ကလဲ။ကျွန်တော်အခုဘယ်ကိုရောက်နေတာလဲ။"
ဆိုပြီးမေးခွန်းတွေကိုယ်ကိုယ်ကို​ပြန်မေးမိသော်လည်းအဖြေကားမထွက်။
ကျွန်တော်ရှိသမျှအားအင်သုံးကာစဥ်းစားနေစဥ်ကျွန်တော်ဆီသို့ဦးတည်လာနေသောမိန်းကလေးတစ်ဦးကိုတွေ့လိုက်ရ၍ကျွန်တော်အကူအညီတောင်းဖို့အော်ခေါ်လိုက်သည်။
"ဒီမှာ ဒီမှာ"
ကျွန်တော့်အသံကတိုးနေ၍ထင်သည်။ထိုမိန်းကလေးကကျွန်တော်ကိုမကြည့်။ထိုကြောင့်ကျွန်တော်အသံကိုမြှင့်သထက်မြှင့်ကာကုန်းအော်သည့်နီးပါးအော်ခေါ်လိုက်သော်လည်းထိုမိန်းကလေးကကျွန်တော်ကိုကြည့်တောင်မကြည့်၍ကျွန်တော်ဒေါသထွက်ကာလမ်းလျှောက်နေသောထိုမိန်းကလေး၏လက်ကိုသွားကိုင်လိုက်သော်လည်းကျွန်တော်လက်ကထိုမိန်းကလေးလက်ကိုမထိဘဲဖြတ်သာသွားသဖြင့်ကျွန်တော်သုံးလေးခါလောက်ထိုမိန်းက​လေး၏လက်ကိုထိနိုင်ရန်ကြိုးစားသော်လည်းကျွန်တော်လက်ကထိုမိန်းကလေးလက်ကိုထိတောင်မထိမိချေ။ကျွန်တော်ကိုယ်ကိုယ်ကိုအံ့သြသွား၍လမ်းမီးတိုင်ကိုလက်သီးဖြင့်ထိုးလိုက်သော်လည်းကျွန်တော်လက်ကလမ်းမီးတိုင်ကိုမထိပဲလမ်းမီးတိုင်ကိုသာဖြတ်သွားသဖြင့်ကျွန်တော်ကိုယ်ကျွန်တော်တွေးမိသည်ကကျွန်တော်သရဲများဖြစ်သွားပြီလားဆိုသောအတွေးပင်။

~~~~~

"Du Du Du Du"
Vibrateသံကြောင့်ရွက်ကြွေပိုက်ဆံကိုမြန်မြန်ရှင်းလိုက်ပြီးလက်တစ်ဖက်ကပစ္စည်းတွေထည့်ထားသောအိတ်ကိုဆွဲ၍​နောက်လက်တစ်ဖက်ကဖုန်းကိုင်လိုက်သည်။
"ဟယ်လို"
"ရွက်ကြွေလား"
"ဟုတ်တယ်။ သူဇာပြော"
"စက်ကွင်း သက်သာသွားပြီလား။"
"စက်ကွင်းကဘယ်တုန်းကနေမကောင်းဖြစ်လို့လဲ။"
အရင်းမရှိအဖျားမရှိပြောသောသူဇာကြောင့်ရွက်ကြွေမေးခွန်းပြန်ထုတ်၍မေးမိလိုက်သည်။
"နင် စက်ကွင်းအကြောင်းမသိသေးဘူးလား။"
"မသိဘူးလေ ပြီးတော့သူနဲ့ငါကတွေ့စရာအကြောင်းမှမရှိတော့တာ။"
ရွက်ကြွေအမှန်အတိုင်းပင်ဖြေလိုက်သည်။
"ငါနဲ့လာတွေ့ပြီးအပြန်မှာ စက်ကွင်းကားအက်စီးဒင့်ဖြစ်လို့တဲ့။"
ဖုန်းထဲကကြားလိုက်ရသောသူဇာစကားကြောင့်ရွက်ကြွေစက္ကန့်အနည်းငယ်လောက်စွန့်အသွားပြီးမှ
"ဟုတ်လား အခုဘယ်ဆေးရုံမှာတဲ့လဲ။ နင်သွားကြည့်ပြီးပြီးလား။"
"....ဆေးရုံမှာတဲ့။ ငါသွားတော့သွားကြည့်ပြီးပြီ."
"ဟုတ်လား။ ဒါဆိုငါသွားကြည့်လိုက်အုံးမယ် ဒါပဲနော် သူဇာ။"
ရွက်ကြွေပြောပြီးသည်နှင့်ဖုန်းကိုချလိုက်သည်။ပြီးသည်နှင့်ဖုန်းထဲကနာရီကိုကြည့်လိုက်သည်။ညနေ၆နာရီသာရှိသေး၍ရွက်ကြွေအိမ်ကိုမပြန်ဖြစ်ပဲတက္ကစီငှားကာသူဇာပြောသောဆေးရုံသို့အမြန်လာခဲ့သည်။

Me, You, The Ghost & HerWhere stories live. Discover now