Chapter-20 [ The One Who Know To Solve This Problem]

11 0 0
                                    

Unicode Version

ဆက်နွယ်သူသာသိသောအဖြေ

မည်းမည်းမှောင်နေသောနေရာတစ်ခုတွင်သော်ပြေးနေမိသည်။ပြေးရပါများလွန်း၍ညောင်းညာနေပြီခြေထောက်တို့ကိုမျက်ကွယ်ပြုကာသော်ဆက်လက်ပြေးနေမိသည်။သော်ပြေးနေသော်လည်း​ပြေးနေရသည့်အကြောင်းအရင်းကိုသော်မသိ။သို့သော်လည်းသော်ပြေးနေစဲပဲ။​သော်ခြေလှမ်းတို့ရပ်သွားသည်နှင့်သော်မြင်ရသည်ကသစ်ပင်များအုပ်စိုင်းနေသောတောအုပ်တစ်ခုဖြစ်ဟန်တွင်ရှိနေသောအိမ်ဟောင်းလေးတစ်အိမ်​တွင်။ထိုနောက်တွင်သော်မြင်နေရသည်ကပြောင်းသွားသည်။ကားတစ်စီးထဲရောက်နေပုံရသောသော်မြင်နေရသည့်လမ်းညွှန်ဆိုင်းဘုတ်တစ်ခုပင်။ဘယ်ညာလမ်းညွှန်သောထိုဆိုင်းဘုတ်တွင်သော်​အသေအချာတွေ့ရသည့်က
"စိုးမိုးစံအိမ်တော်သို့ရောက်ရန်(၂)မိုင်အလို။"
ဆိုသောစာသားပင်။သော်ထိုစာသားကိုဖတ်နေစဥ်နားထဲတွင်မိန်းကလေးတစ်ယောက်အော်သံလိုလို၊စကားပြောသံလိုလိုကိုကြားရကာထိုးကိုက်လာသောခေါင်းနဲ့အတူလေးလံနေသောမျက်လုံးတို့ကိုအတင်းဖွင့်ရန်​သော်ကြိုးစားမိသည်။
"ဟူး"
လေးလံနေသောမျက်လုံးများကိုပွင့်သွားသည်နှင့်သော်မြင်ရသည်က​ရင်းနှီးနေသောမိမိအခန်း၏မျက်နှာကြက်ပင်ဖြစ်နေ၍စိတ်အေးသွားကာသက်ပြင်းတစ်ချက်ချလိုက်ပြီးလှဲလျောင်းနေရာမှထထိုင်လိုက်သည်။ထိုစဥ်ပွင့်လာသောအခန်းတံခါးနဲ့အတူအစ်မဖြစ်သူ,သူဇာကဝင်လာပြီး
"သတိရပြီလား သော်။"
သူဇာမေးခွန်းကိုသော်ခေါင်းအသာညိတ်ပြလိုက်ပြီးသော်ပြန်မေးလိုက်သည်။
"အစ်မ ကျွန်တော်ဘယ်နှရက်တောင်မေ့နေတာလဲ။"
"သိပ်မကြာပါဘူး။ ၄၈နာရီနီးပါးပါပဲ။"
"ဒါနဲ့ဦးလေးရော.."
"ငါကိုစိတ်မပူပဲနဲ့မင်းဘာသာမင်းသာစိတ်ပူစမ်းပါ။ ပတ်တီးလူသားရဲ့။"
သော်၏မေးခွန်းကိုသော်အခန်းထဲထပ်ဝင်လာသောဦးလေးဖြစ်သူဦးမိုးလကပဲဝင်ဖြေပေးလာသဖြင့်သော်ကိုယ်ကိုယ့်ကိုပြန်ကြည့်လိုက်တော့ခန္ဓာကိုယ်အပေါ်ပိုင်းကအကျ်ီဝတ်စရာမလိုလောက်အောင်ပတ်တီးအပြည့်နဲ့ဖြစ်နေသည်။
"ဒါဘယ်သူလက်ချက်လဲ။ အစ်မနဲ့ဦးလေးတော့မဖြစ်နိုင်ဘူး။ တီအယ်လ်ဒေါက်တာရမ်းကုပဲဖြစ်မယ်။"
သော်စကားကြောင့်သူဇာနဲ့ဦးမိုးလတို့ကိုတစ်ယောက်ကိုတစ်ယောက်ကြည့်ကာပြုံးလိုက်ကြသည်။ပြီးနောက်တွင်ဦးမိုးလကသော်ကိုရှုတည်တည်ကြည့်ရင်းပြောလာသည်။
"ရယ်စရာပြောနိုင်ပြီဆိုတော့သော်ကသက်သာနေပြီထင်တယ်။ အဲဒါတော့သူဇာ,ငါ့တူမလုပ်ပေးစရာမလိုတော့ဘူးမလား။"
"အာ ဘယ်ဟုတ်မလဲ။ ကျွန်တော်ကအစ်မနဲ့ဦးလေးစိတ်ပူမှာစိုးလို့ရယ်စရာတွေပြောနေတာ။ တကယ်တော့ကျွန်တော်ခေါင်းကကိုက်နေသလိုလို..။"
"သော်ချွဲ ချွဲမနေနဲ့။ နင်မချွဲလည်းငါကနင်ကိုငါသတ်မှတ်ထားတဲ့စိတ်ချရပြီဆိုတဲ့အခြေအနေအထိဆက်စောင့်ကြည့်အုံးမှာပါ။"
ဦးမိုးလစကားကြောင့်ချက်ချင်းပင်ခေါင်းကိုက်ပြသောမောင်ဖြစ်သူသော်ကိုသူဇာပြုံးတုံ့တုံ့နဲ့ကြည့်ရင်းပြန်ပြောမှသော်တစ်ယောက်ဆက်မချွဲတော့ပေ။
"ငါတော့နင်တို့မောင်နှမကိုမနိုင်ဘူးဟေ့။ ကဲကဲနဲ့ချွဲချွဲတို့ကိုဒီကလေးလေးလက်မြှောက်တယ်ဟေ့။ လက်မြှောက်တယ်။"
ဦးမိုးလကသော်နဲ့သူဇာတို့မောင်နှမကိုကြည့်ရင်းဟန်ပါပါနဲ့ပြောပြီးနောက်တွင်သော့်အခန်းထဲမှဦးမိုးလကထွက်သွားသည်။ဦးလေးပုံစံကြောင့်ဦးလေးထွက်သွားမှသူဇာနဲ့သော်တို့နှစ်ယောက်သားရယ်လိုက်ကြသည်။
"ဟား ဟားဟား။"
"ဟားဟား ဦးလေးကတော့ဗျာ။ ဒါနဲ့အစ်မကျွန်တော်ဗိုက်ဆာတယ်။ ပြီးတော့ရေလည်းသောက်ချင်တယ်။"
ဦးလေးထွက်သွားသည်နှင့်သူဇာကိုစခိုင်းသောသော်ကိုသူဇာမကျေမနပ်ဖြစ်ဟန်ဆောင်ကာတစ်ချက်ကြည့်ပြီး
"ခဏလေးပြန်မှေးရင်းစောင့်နေ။"
ပြောပြီးသူဇာကသော်ကိုပြန်လှဲစေ​ပြီးစောင်ခြုံပေးကာအခန်းထဲမှထွက်သွားသည်။အစ်မဖြစ်သူ,သူဇာအခန်းထဲမှထွက်သွားသည်နှင့်သော်,ကုတင်ဘေးကစားပွဲတွင်တင်ထားသောလက်တော့ပ်ကိုလှမ်းယူလိုက်ပြီးနောက်စခရင်ဖွင့်ပြီးအိမ်မက်တွင်သေသေချာချာ​မြင်လိုက်ရသည့်စာသားကိုရိုက်နှိပ်ကာရှာဖွေမိတော့နီးစပ်သည့်လိပ်စာတစ်ခုပေါ်လာသည်။ပေါ်လာသောလိပ်စာကိုသော်အသေအချာခေါင်းထဲမှတ်ထားလိုက်ပြီးလက်တော့ပ်ကိုနေရာတွင်ပြန်ထားလိုက်သည်။

Me, You, The Ghost & HerWhere stories live. Discover now