Chapter-7 [Can you always protect me?]

19 3 0
                                    

Unicode Version

"ကိုကြီးနောက်ကျတယ်နော်။"
စက်ဝန်းလူနာခန်းကိုရောက်သည်နှင့်ညီမဖြစ်သူမျက်ဝန်းတစ်ယောက်စက်ဝန်းကိုမေးခွန်းထုတ်သဖြင့်
"အသိတစ်ယောက်နဲ့ပြန်ဆုံဖြစ်နေလို့။ ပြီးတော့Tea-Shopမှာနည်းနည်းစောင့်နေရလို့။"
စက်ဝန်း,လူနာခန်းတံခါးကိုပြန်ပိတ်ရင်းပြန်ဖြေလိုက်သည်။သို့သော်လည်းမျက်ဝန်းကစက်ဝန်းကိုအသေအချာကြည့်နေသေးသဖြင့်ထိမ်ချန်​ထားသောစက်ဝန်းတစ်ယောက်ချွေးစို့လာသည်။
"ဒါနဲ့ဒီအချိန်ရှိနေပြီဆိုတော့အိမ်ပြန်ဖို့အဆင်ပြေပါ့မလား။"
စက်ဝန်း,ညီမဖြစ်သူလက်ထဲ Bubble_Tea ခွက်လေးထည့်ပြီးလက်ကနာရီကိုကြည့်ကာစကားလမ်းကြောင်းလွှဲလိုက်​သည်။
"Taxiနဲ့ပြန်မယ်လေ။ ဒါတောင်မှကိုကြီးစိတ်မချရင်ကိုကြီးကားသော့ပေးလိုက်လေ။"
"Taxiနဲ့ပဲပြန်ပါ မျက်ဝန်းရေ။ ငါတို့ဆီမှာအသွားအလာလုပ်ဖို့ရှိတဲ့ဒီကားတစ်စီးကိုတော့လျှောက်ဝင်မတိုက်ဖြစ်ပါနဲ့ကွာ။"
"ဟား ဟား ဟား ကိုကြီးကလည်းညီမလေးကိုအထင်ကြီးနေပြန်ပြီ။ တော်ပြီညီမလေးပြန်တော့မယ်။ မနက်ဂျူတီလဲမှတွေ့ကြမယ်။ Good Night ကိုကြီး။"
မျက်ဝန်း,ကိုကြီးကိုနှုတ်ဆက်စကားဆိုပြီးလက်ထဲကBubble_Teaကိုသောက်ရင်းလူနာခန်းထဲမှထွက်လာကာဆေးရုံမှပြန်လာခဲ့သည်။
"ဟူး"
လူနာခန်းတံခါးပြန်ပိတ်သွားမှစက်ဝန်းလေပူတစ်ချို့ကိုမှုတ်ထုတ်လိုက်ပြီးဝတ်ထားသောရှပ်အင်္ကျီ၏လည်ပင်းနားကကြယ်သီးအချို့ကိုဖြုတ်လိုက်သည်။ပြီးနောက်ဖုန်းကိုဖွင့်ကာစက်ဝန်းဓာတ်ပုံတစ်ပုံကိုကြည့်ရင်း
"ဒီတစ်ခါတော့ဘယ်သူ့အနှောင့်အယှက်ကိုမခံပဲမင်းဆီကိုတန်းတန်းမတ်မတ်လျှောက်လာဖို့အသင့်ဖြစ်နေပြီ Day။"
ဟုစိတ်ထဲကစက်ဝန်းပြောသည့်စကားကိုတော့ဓာတ်ပုံထဲကတူညီဝတ်စုံဝတ်ကာထိုင်၍စောင့်နေပုံရသောကောင်လေးတစ်ယောက်မသိနိုင်ချေ။

~~~~~

"ဦးလေးရယ် လမ်းထိပ်ရောက်နေမှတော့ လမ်းထဲအထိဝင်ပေးလို့မရဘူးလား။"
လမ်းထိပ်မှာပင်ရပ်သွားသောတက္ကစီကြောင့်မျက်ဝန်း,တက္ကစီသမားဦးလေးကြီးကိုလမ်းထဲသို့ဝင်ပေးရန်တောင်းဆိုမိသည်။သို့သော်လည်းကားမောင်းသူဦးလေးကြီးက
"ဒီမယ်ငါ့တူမ ပေးတဲ့ပိုက်ဆံနဲ့ဆိုဒီအထိပဲ​ရမယ်။ လမ်းထဲထိဝင်စေချင်ရင်အပိုထပ်ပေးရမယ်။"
တက္ကစီမောင်းသူဦးလေးကြီးစကားကြောင့်မျက်ဝန်းမျက်နှာကိုမဲ့မိသည်။ပုံမှန်ဆိုအပိုတောင်းလျှင်ပစ်တောင်ပေးလိုက်မည်ဖြစ်သော်လည်းအခုကမာရေကြောရေဖြင့်အပေါက်ဆိုးဆိုးတက္ကစီမောင်းသူဦးလေးကြီးကြောင့်ရော၊အပိုပေးစရာမျက်ဝန်းမှာတစ်ပြားမှမရှိတော့သဖြင့်မျက်ဝန်းပြောလိုက်သည်က
"လမ်းထဲမဝင်ပေးလည်းနေပေါ့။ ခြေထောက်ကဘာလုပ်ဖို့ထား,ထားတာလဲ။"
ပြောပြီးမျက်ဝန်းတက္ကစီပေါ်ကဆင်းလာခဲ့သည်။မျက်ဝန်းခြေထောက်တစ်စုံလုံးမြေကြီးပေါ်ရပ်ပြီး
သည်နှင့်တက္ကစီကအရှိန်ပြင်းပြင်းနဲ့တန်းတန်း
မတ်မတ်မောင်းထွက်သွားပြီဖြစ်သည်။မျက်ဝန်းလည်းထွက်သွားသောတက္ကစီကိုမျက်စောင်းတစ်ချက်ထိုးပြီးအိမ်သို့လျှောက်လာခဲ့သည်။တက္ကစီချပေးသောနေရာကနေမျက်ဝန်းတို့အိမ်သို့ရောက်ဖို့ဘတ်စ်ကားတစ်ဂိတ်ကျော်ကျော်လျှောက်ရလောက်အောင်မျက်ဝန်းတို့အိမ်ကအတွင်းကျသည်။ဒီနေ့မျက်ဝန်းနောက်ကျပြီးလမ်းလျှောက်ရမှလမ်းတွင်သက်ရှိဟူ၍ခွေးတစ်ကောင်၊ကြောင်တစ်မြှီးတောင်မတွေ့ရသဖြင့်မျက်ဝန်းအနည်းငယ်ကြောက်စိတ်တို့ဝင်လာသည်။ထို့ကြောင့်မျက်ဝန်းအိတ်ထဲကဖုန်းကိုထုတ်ကာသော်ဆီကိုဖုန်းဆက်မိသည်။
"လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ.."
သို့သော်လည်းမျက်ဝန်း,သော်နဲ့မတိုးဘဲလူကြီးမင်းအစချီသည့်စကားသံကိုသာကြားရသဖြင့်
"အလိုရှိရင်ဒီကောင်ကလည်းဘယ်တော့မှဖုန်းမကိုင်ပဲနေနေလိုက်။"
မျက်ဝန်း,ပြန်လည်ဖြေကြားခြင်းမရှိသောဖုန်းကိုကြည့်ပြီးပွစိပွစိပြောရင်းဖုန်းကိုအိတ်ထဲထည့်လိုက်ပြီးမှမျက်ဝန်းရှေ့မလှမ်းမကမ်းတွင်လမ်းချိုးတစ်ခုမှထွက်လာသည့်လူသုံးယောက်ကြောင့်မျက်ဝန်းလန့်သွားသော်လည်းလူရှိပြီဟုသောအတွေးကြောင့်မျက်ဝန်း,ကြောက်စိတ်တို့ပြယ်သွားသည်။ထိုလူသုံးယောက်ကမျက်ဝန်းနဲ့မျက်နှာချင်းဆိုင်တည့်တည့်လျှောက်လာ၍
မျက်ဝန်းခြေလှမ်းသွက်သွက်​ဖြင့်ထိုလူသုံးယောက်ကိုရှောင်ကာအိမ်သို့အမြန်လျှောက်လာခဲ့သည်။
"ဘာလဲ မင်းကငါတို့ကိုရှောင်ချင်တာလား။"
စကားသံနဲ့အတူထိုလူသုံးယောက်ကမျက်ဝန်းနားရောက်လာကာမျက်ဝန်းကိုသုံးယောက်သားဝိုင်းလိုက်သည်။မျက်ဝန်းထွက်ပေါက်ကိုရှာရင်းထိုလူသုံးယောက်၏အရက်နံ့ကမျက်ဝန်းနှာခေါင်းထဲတိုးဝင်လာသည်။
"မင်းကိုမေးနေရင်ဖြေရမယ်ဆိုတာမသိဘူးလား။"
"မင်းကလည်းကွာ သူလေးတစ်ယောက်တည်းဆိုတော့ကြောက်နေတာထင်တယ်။"
ဒုတိယလူစကားကိုဝင်ပြောသောတတိယလူ၏လက်ကမျက်ဝန်းလက်နားကိုရောက်လာသဖြင့်မျက်ဝန်းလက်ကိုအမြန်ဖယ်လိုက်သည်။
"မင်းငါ့လက်ကိုရှောင်ရအောင် ငါ့လက်ကနူနေလို့လား။"
ထိုလူကဒေါသတကြီးအော်ပြောရင်းမျက်ဝန်းနားသို့တစ်လှမ်းချင်းလှမ်းလာသည်။ကျန်လူနှစ်ယောက်ကဝင်မထိန်းပေးသည့်အပြင်မျောက်ပွဲကြည့်သကဲ့သို့ဝင်ကြည့်နေသည်။မျက်ဝန်းလည်းနောက်ကိုတစ်လှမ်းပြီးတစ်လှမ်းတိုးရင်းဓာတ်တိုင်နဲ့ကျောရိုက်မိသွားသဖြင့်အသံထွက်မိသွားသည်။
"အာ့"
"နာသွားတာလား ငါဆေးလိမ်းပေးရမလား။"
ပြောရင်းထိုလူလက်ကမျက်ဝန်းပခုံးနားရောက်လာသည်။မျက်ဝန်း၏ရှက်စိတ်၊ကြောက်စိတ်တွေနဲ့အတူနာကျင်စိတ်တွေကဒေါသအဖြစ်ပြောင်းလဲကာရှိသမျှအင်အားကုန်သုံးကာထိုလူပေါင်ကြားကိုကန်ထည့်လိုက်ပြီး
"ဆေးကကိုယ့်ဘာသာကိုယ်လိမ်းရမယ်ထင်တယ်။"
ပြောပြီးသည်နှင့်မျက်ဝန်းပြေးထွက်လာခဲ့သော်လည်းကျန်လူနှစ်ယောက်ထဲမှတစ်ယောက်ကမျက်ဝန်းနောက်ကိုအမှီပြေးလိုက်ကာလွယ်ထားသောအိတ်၏ကြိုးကိုဆွဲသော်လည်းဆွဲသောကြိုးကိုမမှီပဲ​မျက်ဝန်း၏နောက်ကျောကိုဆွဲမိကာမျက်ဝန်းအင်္ကျီပြဲသွားသည်။
"ဒီမယ်မင်းကိုဘာမှမလုပ်ဖူး။ ငါ့သူငယ်ချင်းကိုဆေးဖိုးပိုက်ဆံပေးသွားရင်ပေါ့။"
လက်ထဲကအဝတ်စကိုလွှတ်ပစ်ရင်းထိုလူကပြောသည်။
"Sh*t တစ်ပြားမှမကျန်တော့ဘူးဆိုမှပဲ။"
ထိုလူစကားကိုမျက်ဝန်းစိတ်ထဲက​ပြန်ပြောလိုက်ရင်းပြေးရန်ပြင်သော်လည်းထပ်ရောက်လာသောနောက်တစ်ယောက်ကမျက်ဝန်းလက်ကိုအသေကိုင်ထားသဖြင့်မျက်ဝန်းထွက်ပြေးလို့မရခဲ့။မျက်ဝန်းပြေးနိုင်မည့်​နည်းကိုရှာဖွေသလို၊လက်ကိုလည်းအားကိုရုန်းရင်းတစ်ဖက်ကလည်းရှိသမျှနတ်ဘုရားတိုင်းကိုတောင်းဆုခြွေနေမိသည်။ထိုစဥ်ဆိုင်ကယ်တစ်စီးကမျက်ဝန်းတို့နားကဖြတ်သွားသဖြင့်မျက်ဝန်းကြံရာမရဖြစ်ကာ
"အား"
ဟုအသံနက်ကြီးဖြင့်အော်လိုက်သည်။မျက်ဝန်းအသံကြောင့်မျက်ဝန်းတို့အနားကဖြတ်ကျော်သွားသောထိုဆိုင်ကယ်ကခပ်လှမ်းလှမ်းတွင်ရပ်သွားသဖြင့်အကူအညီရတော့မည်ဆိုကာမျက်ဝန်းဝမ်းသာသွားစဥ်
"ကောင်မ အကူအညီတောင်းနေတယ်ပေါ့။"
စကားနဲ့အတူမျက်ဝန်းကန်လိုက်သောလူကမျက်ဝန်းအနားရောက်လာကာမျက်ဝန်းကိုဖြတ်ရိုက်ရန်လက်ကိုအလွှဲတွင်စူးရှစွာပေါ်လာသောမီးရောင်တစ်ရောင်ကြောင့်ထိုလူ၏လက်များကလေထဲတွင်တန့်သွားသော်လည်းမီးရောင်ကရပ်မသွားပဲဦးတည်ရာဖြစ်သောထိုလူဆီသို့အရှိန်ပြင်းပြင်းတိုးဝင်လာသဖြင့်ထိုလူ,မျက်ဝန်းကိုဂရုမစိုက်နိုင်ပဲဘေးကိုသာလှိမ့်၍ရှောင်လိုက်သည်။စူးရှလွန်းသောမီးရောင်ကြောင့်မျက်ဝန်း,မျက်လုံးကိုကျန်လက်တစ်ဖက်ကအုပ်ရင်းကြည့်မိစဥ်ဆိုင်ကယ်ကမျက်ဝန်းဘေးတွင်ရပ်သွားပြီးဆိုင်ကယ်
ပေါ်ကလူတစ်ယောက်ဆင်းလာကာအလျင်​အမြန်ပင်မျက်ဝန်းလက်ကိုဆွဲထားသောလူကိုဆောင်းထားသောဆိုင်ကယ်စီးဦးထုပ်ကိုချွတ်၍အားပြင်းပြင်းဖြင့်ရိုက်ချလိုက်သည်။နှစ်ချက်လောက်ရိုက်ပြီးမှဆိုင်ကယ်စီးဦးထုပ်လေးကွဲသွားသလို၊ထိုလူလည်းခေါင်းကွဲလုနီးပါးဖြစ်ကာလဲကျသွားသည်။လဲကျသွားသောထိုလူကိုနောက်လူနှစ်ယောက်ကလာတွဲပြီးသူတို့လူအခြေအနေကိုကြည့်နေသည်။ထိုစဥ်
"မျက်ဝန်း အဆင်ပြေရဲ့လား။"
ရင်းနှီး​လှသည့်အသံကြားမှမျက်ဝန်း​,ဟိုလူတွေကိုကြည့်နေရာမှအသံပိုင်ရှင်ကိုကြည့်မိတော့
"အစ်မ အစ်မကဘယ်လို.."
မျက်ဝန်းအံ့သြစွာပြောမည့်စကားစကိုအသံပိုင်ရှင်ကတစ်ချက်ပြုံးပြပြီးမျက်ဝန်းနှုတ်ခမ်းပါးကိုလက်ညိုးဖြင့်အုပ်လိုက်ပြီးမှမျက်ဝန်းအခြေအနေကိုသတိထားမိကာအသံပိုင်ရှင်ကသူမ​ဝတ်ထားသောဂျက်ကတ်အမည်းကိုချွတ်ပြီးမျက်ဝန်း​ကျောပြင်ကိုခြုံလွှမ်းပေးသည်။ထိုစဥ်ဟိုလူသုံးယောက်တစ်ယောက်ကိုတစ်ယောက်ထူပြီးမှ
"ငါ့သူငယ်ချင်းနှစ်ယောက်ကိုဘယ်လိုလုပ်ပေးမှာလဲ။ ဘာမှမလုပ်ပေးရင်ဆေးဖိုးပေးခဲ့။"
တစ်နေရာမှမထိခိုက်ရသေးသောသူကကျန်နှစ်ယောက်ကိုတွဲရင်းပြောသည်။
"အဟက် ဆေးဖိုးပေးရအောင်ဘယ်သူကဘယ်သူကိုအရင်စတာလဲဆိုတာပြန်စဥ်းစား။ ရိုက်ခံရအောင်အရင်လုပ်ပြီးမှရိုက်ခံရလို့ပိုက်ဆံတောင်းတယ်တဲ့လား။"
"ဒီမှာမိန်းကလေး မိန်းကလေးဖြစ်နေလို့ညှာနေတာကိုရောင့်မတက်လာနဲ့။"
"သြော်"
ခနဲသဲ့သဲ့ပြန်ပြောနေသောသူမကြောင့်မျက်ဝန်း၏မျက်ခုံးများပင်လှုပ်လာသလို။
"ကဲ ပေးစရာရှိတာ​အမြန်ပေး။"
ထိုလူကပြောရင်းရှေ့ကိုတိုးလာသည်။
"မတရားလုပ်တဲ့သူတွေကိုမတရားပြန်လုပ်တာ,မတရားတာမဟုတ်ဘူးတဲ့။"
ပြောရင်းသူမကလည်းရှေ့ကတိုး၍လျှောက်သည်။သူမနဲ့ထိုလူကြားတစ်ပေတောင်မကျန်တော့သောအကွာအဝေးအရောက်မှာတော့သူမက,ထိုလူ၏လက်လိမ်လိုက်ပြီးမျက်နှာတင်မကဗိုက်၊နံရိုးကိုသုံးချက်မကဆက်တိုက်ထိုးလိုက်တော့ထိုလူလဲကျသွားသည်။လဲကျသွားသောထိုလူဆကိုကျန်နှစ်ယောက်ကဖြည်းဖြည်းချင်းလျှောက်လာသည်။
"မတရားတာကိုငြိမ်ခံနေတဲ့ခေတ်ကကုန်သွားပြီ​။ဒီခေတ်ကမတရားတာမှန်သမျှကိုတုန့်ပြန်မယ့်လူတွေပဲရှိနေတယ်ဆိုတာမတရားမှုကိုတရားတယ်ထင်နေတဲ့လူတွေမှတ်ထားလိုက်။"
ထိုသုံးယောက်ကိုကြည့်ရင်းသူမပြောပြီးသည်နှင့်မျက်ဝန်းနဲ့ဆိုင်ကယ်ရှိရာကိုပြန်လျှောက်လာပြီး
"လာ မျက်ဝန်း၊အစ်မ,မျက်ဝန်းကိုအိမ်လိုက်ပို့ပေးမယ်။"
"ဟုတ်။"
မျက်ဝန်းလည်းထိုအသံပိုင်ရှင်နဲ့အတူဆိုင်ကယ်ပေါ်တက်ကာထိုနေရာမှအမြန်မောင်းထွက်လာပြီးအိမ်သို့ဦးတည်မောင်းနှင်သောဆိုင်ကယ်လေးကိုစီးခဲ့သည်။

Me, You, The Ghost & HerWhere stories live. Discover now