Chapter-5 [A Night With Her]

15 3 0
                                    

Unicode Version

အဘိုးအိုစကားအတိုင်းကျွန်တော်လမ်းလျှောက်ရင်းစဥ်းစားနေသော်လည်းအဖြေမထွက်သဖြင့်စဥ်းစားနေသည်ကိုရပ်လိုက်ပြီးကျွန်တော်ရောက်နေသည့်နေရာကိုကြည့်လိုက်သည်။မနက်ကကျွန်တော်ဆင်းလာသည့်တိုက်အောက်တွင်ပြန်ရောက်နေသဖြင့်သက်ပြင်းချကာတိုက်ပေါ်သို့သာတက်လာခဲ့သည်။လှေကားတက်ရင်းအပေါ်ဆုံးထပ်သို့ရောက်လာသော်လည်းကျွန်တော်မမောပန်းသဖြင့်စိတ်ပျက်စွာပြုံးလိုက်သည်။ကျွန်တော်ရှေ့တွင်မနက်ကကျွန်တော်ကိုရေလောင်းခဲ့သည့်မိန်းကလေးအခန်းတံခါးပိတ်နေသည်ကိုတွေ့လိုက်ရသည်။ကျွန်တော်လည်းတံခါးကိုဖြတ်သန်းကာထိုမိန်းကလေးအခန်းထဲသို့ဝင်လာခဲ့သည်။အခန်းထဲတွင်ထိုမိန်းကလေးကကြက်ဥတစ်လုံးကိုခေါက်၍ကြော်ပြီးထမင်းနဲ့စားနေသည်။ကျွန်တော်သူမရှေ့မှထိုင်၍ထိုင်ကြည့်နေမိသည်။သူမစားနေသည်​ကိုကြည့်ရင်းကျွန်တော်ပါးစပ်များသပ်နေမိသည်။ကျွန်တော်ကြည့်နေတာများသိနေသလိုသူမကမြန်မြန်စားပြီးပန်းကန်ဆေးသည်။သူမကရေစိုနေသောလက်ကိုခါလိုက်ပြီးဘောင်းဘီတွင်သုတ်လိုက်သဖြင့်
"ညစ်ပတ်လိုက်တာ။ အာသူမှငါ့စကားမကြားနိုင်တာ။"
ပြောမိပြီးမှကျွန်တော့်စကားကိုသူမမကြားနိုင်သည်ကိုသတိရပြီးခေါင်းခါလိုက်သည်။သူမကဂစ်တာတစ်လက်နဲ့ဖုန်းကိုယူကာအခန်းအပြင်ထွက်ကာတံခါးကိုသေချာပိတ်လိုက်သည်။ ကျွန်တော်လည်းဘာမှလုပ်စရာမရှိ၍သူမနောက်ကိုသာလိုက်လာခဲ့သည်။သူမကခေါင်မိုးထပ်သို့တက်သွားခြင်းဖြစ်ပြီးခေါင်မိုးထပ်ရှိခုံတန်းတွင်ထိုင်ကာဂစ်တာကြိုးညှိရင်းဖုန်းကိုကြည့်နေသည်။ကျွန်တော်ကာရံထား​သည့်ခေါင်မိုးထပ်ဘောင်တွင်တက်ထိုင်လိုက်ရင်း
"ခေါင်မိုးထပ်လေးတက်တာကိုတံခါးတွေဘာတွေသေချာပိတ်နေရသလားကွာ ပြီးတော့အခန်းမှာခိုးစရာပစ္စည်းလည်းမရှိဘဲနဲ့"
ကျွန်တော်အပြစ်တင်စကားကိုပြောနေစဥ်သူမကဂစ်တာစတီးနေသဖြင့်ကျွန်တော်ဆက်မပြောတော့ဘဲသူမဂစ်တာသံကိုတောင်နားထောင်လိုက်သည်။
"ဒီ ဒီ ဒီ"
ရွက်ကြွေသီချင်းမဆိုချင်၍ဂစ်တာကိုသာဦးတည်ချက်မဲ့တီးခတ်နေမိသည်။အတန်ကြာထိုင်၍ဂစ်တာတီးမိပြီးမှထိုင်ခုံမှထကာခေါင်မိုးထပ်ကြမ်းပြင်ရှိဖုန်များကိုခါပြီးလှဲရင်းကောင်းကင်ကကြယ်များကိုရေတွက်နေမိသည်။
"တစ် နှစ် သုံး..."
လှဲပြီးကောင်းကင်ကကြယ်များကိုရေတွက်နေသောသူမကို
"ဂစ်တာကိုကောင်းကောင်းလဲမတီးတတ်ဘူး။အခုလည်းကောင်းကင်ကိုကြည့်ပြီးကြယ်တွေရေနေတော့ဘာထူးလာလို့လဲ။"
ကျွန်တော်ခေါင်းခါရင်းပြောလိုက်သော်လည်း ကျွန်တော်စကားများကိုမကြားရသည့်သူမကတော့ကြယ်များကိုဆက်ရေတွက်ဆဲ။

Me, You, The Ghost & HerWhere stories live. Discover now